
စပါးအသင်းကိုအနိုင်ယူပြီး ဥရောပစူပါဖလားကို ပီအက်စ်ဂျီအသင်း ပထမအကြိမ်ဆွတ်ခူး
=======================
၂၀၂၅ ယူအီးအက်ဖ်အေ ဥရောပစူပါဖလား ဗိုလ်လုပွဲကို ဩဂုတ်လ ၁၄ ရက်တွင် အီတလီနိုင်ငံ၌ ပီအက်စ် ဂျီအသင်းနှင့် စပါးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပီအက်စ်ဂျီအသင်းက ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကို ပထမအကြိမ်ဆွတ်ခူး နိုင်ခဲ့ကြောင်း သိရသည်။










