ရီးယဲလ်မက်ဒရစ်အသင်း နည်းပြရာထူးက အလွန်ဆို ထုတ်ပယ်ခံရပြီး အာဘီလိုအာနဲ့ အစားထိုး

ရီးယဲလ်မက်ဒရစ်အသင်း နည်းပြရာထူးက အလွန်ဆို ထုတ်ပယ်ခံရပြီး အာဘီလိုအာနဲ့ အစားထိုး
===============
(Januray 13)
ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို အရေးနိမ့်ပြီးနောက် နည်းပြ ရှာဘီအလွန်ဆိုကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ရီးယဲလ်အရန်အသင်းနည်းပြ အာဘီလိုအာကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။

ရီးယဲလ်အသင်းက အလွန်ဆိုနဲ့ လမ်းခွဲကြောင်း ကြေညာအပြီး မိနစ်အနည်းငယ်အကြာမှာပဲ အာဘီလိုအာနဲ့ ချက်ချင်းအစားထိုးခဲ့တာပါ။

မန်ယူအသင်းကစားသမားဟောင်း ကာဗာနီ ကစားသမားဘဝက အနားယူ

မန်ယူအသင်းကစားသမားဟောင်း ကာဗာနီ ကစားသမားဘဝက အနားယူ
=================
‌ဥရောပထိပ်တန်း ကလပ်အသင်းများတွင် ကစားခဲ့သည့် ဝါရင့်တိုက်စစ်ကစားသမား ကာဗာနီသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူမည်ကို အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။

အသက် ၃၈ နှစ်အရွယ် ကာဗာနီသည် ပရော်ဖက် ရှင်နယ်ကစားသမားဘဝကို ၂၀၀၅ ခုနှစ်က ဥရုဂွေး ကလပ် ဒါနူဘိုင်အိုအသင်းနှင့်စတင်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် ပါလာမိုအသင်းသို့ ပြောင်းရွှေ့ကစားပြီး ဥရောပဘောလုံးလောကသို့ စတင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဘိုလော့ဂ်နာကိုအနိုင်ယူပြီး အီတလီစူပါဖလားမှာ ဗိုလ်စွဲခဲ့တဲ့ နာပိုလီ

ဘိုလော့ဂ်နာကိုအနိုင်ယူပြီး အီတလီစူပါဖလားမှာ ဗိုလ်စွဲခဲ့တဲ့ နာပိုလီ

====================

နာပိုလီအသင်းဟာ အီတလီစူပါဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဘိုလော့ဂ်နာအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

နာပိုလီအတွက်ဂိုးတွေကို တောင်ပံကစားသမား နေရိစ်က ၃၉၊ ၅၇ မိနစ်တွေမှာ သွင်းယူခဲ့တာပါ။

နေရိစ်ဟာ ဆီမီးဖိုင်နယ်မှာလည်း တစ်ဂိုးသွင်းခဲ့လို့ စူပါဖလားမှာ သုံးဂိုး သွင်းယူခဲ့ပါတယ်။