ဒဏ်ရာကြောင့် ဆွန်ဟောင်မင် ကမ္ဘာ့ဖလားလွဲချော်ရဖွယ်ရှိနေ

တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ဒဏ်ရာခွဲစိတ်ရမယ့်အနေအထားကြောင့် ကာတာကမ္ဘာ့ ဖလားပွဲမှာ ပါဝင်ဖို့ မသေချာဘူးဖြစ်နေပါတယ်။ အသက် ၃၀ အရွယ် ဆွန်ဟောင်မင်ဟာ အင်္ဂါနေ့က မာဆေးလ် အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ စပါးအသင်းနဲ့အတူ ပါဝင်ကစားရင်း ဘယ်ဘက်မျက်လုံးတစ်ဝိုက်မှာ ဒဏ်ရာရခဲ့တာပါ။

ကမ္ဘာ့ဖလားမတိုင်မီ နောက်ဆုံးပွဲစဉ်၌ သူတို့ကစားသမားများအား အသုံးမပြုရန် အာဂျင်တီးနား FA ၏ တောင်းဆိုမှုကို ပရီးမီးယားလိဂ်ကလပ်များ လက်ခံဖွယ်မရှိ

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ကာတာနိုင်ငံတွင် ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်များ၌ ၎င်းတို့၏ကစားသမားများအား အသုံးမပြုဘဲ စောစီးစွာပြန်ပို့ပေးရန်  အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် (AFA) ၏ တောင်းဆိုမှုကို လက်ခံဖွယ်မရှိကြောင်း သိရသည်။

Daily Mail ၏ ဖော်ပြမှုအရ AFA သည် ပရီးမီးယားလိဂ်ကလပ် အသင်းတစ်သင်းထံ ၎င်းတို့၏ကစားသမားများအား စောစီးစွာပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ရာ ချက်ချင်းငြင်းပယ်ခံရကြောင်း သိရသည်။

၁၉ နှစ်အရွယ်မှာတင် ကမ္ဘာ့အဆင့်(၁)ဖြစ်လာတဲ့ ထိုင်းဂေါက်သီးရိုက် အားကစားမယ် သီတီကူ

 

အသက် ၁၉ နှစ်အရွယ် ထိုင်းဂေါက်သီးရိုက် အားကစားမယ် သီတီကူဟာ ကမ္ဘာ့အဆင့် (၁) ဂေါက်သီးရိုက် အားကစားမယ်  ဖြစ်လာခဲ့ပါတယ်။ သီတီကူဟာ အသက် ၁၉ နှစ်၊ ၈ လ၊ ၁၁ ရက်အရွယ်မှာ ကမ္ဘာ့အဆင့်(၁) နေရာ တက်လှမ်းခဲ့တာဖြစ်ပြီး ဒုတိယမြောက် အသက်အငယ်ဆုံး ကမ္ဘာ့အဆင့်(၁) ဂေါက်သီးရိုက် အားကစားမယ် ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက ၁၇ နှစ်၊ ၉လ၊ ၉ ရက်အရွယ်မှာ ကမ္ဘာ့အဆင့် ၁ ဖြစ်ခဲ့တဲ့ လိုင်ဒီယာကိုနောက်ပိုင်း အသက်အငယ်ဆုံး ကမ္ဘာ့အဆင့်(၁)ပ။

အေစီမီလန် နည်းပြ ပီအိုလီ ၂၀၂၅ အထိသက်တမ်းတိုး

နည်းပြ စတီဖာနို ပီအိုလီ ကို ၂၀၂၅ အထိ စာချုပ်သက်တမ်းတိုးလိုက်ကြောင်း စီးရီးအေ ချန်ပီယံ အေစီမီလန် က ပြောကြားပါတယ်။

ပီအိုလီ ရဲ့ အရင်စာချုပ် က ဒီနှစ်ကုန်မှာ သက်တမ်းကုန်မှာ ဖြစ်လို့ သက်တမ်းတိုးလိုက်တာဖြစ်ပြီး သူက ၂၀၁၉ ခုနှစ်တုန်းက အေစီ ကို ရောက်လာခဲ့ကာ ၁၁ နှစ် အတွင်း စီးရီးအေ ချန်ပီယံ ပြန်ဖြစ်အောင် မနှစ်က စွမ်းဆောင်ပေးခဲ့ပါတယ်။

အင်္ဂလန်အသင်းအတွက် ပဏာမ ၅၅ ဦးစာရင်းတွင် တိုက်စစ်မှူးဝဲလ်ဘက်ခ်လည်း ပါဝင်

ကမ္ဘာ့ဖလားယှဉ်ပြိုင်ရမယ့် အင်္ဂလန်အသင်းအတွက်  ပဏာမ ကစားသမား ၅၅ ယောက်စာရင်းမှာ ဘရိုက်တန် တိုက်စစ်မှူး ဒမ်နီဝဲလ်ဘက်ခ်လည်း ပါဝင်လာပါတယ်။ နည်းပြ ဆောက်ဂိတ်ဟာ ၂၀၁၈ နောက်ပိုင်း ရွေးချယ်ခြင်းမခံရတော့တဲ့ တိုက်စစ်မှူးဝဲလ်ဘက်ခ်ကို ပဏာမ ၅၅ ဦး လူစာရင်းမှာ ထည့်သွင်းခဲ့တာပါ။ ဝဲလ်ဘက်နဲ့အတူ ဘရိုက်တန်ခံစစ်မှူး လူးဝစ်ဒမ့်၊ လက်စတာ ကမက်ဒီဆန်၊ ခရစ္စတယ်ပဲလေ့က အီဇီ၊ နယူးကာဆယ်တိုက်စစ်မှူး ဝီလ်ဆင် တို့လည်းပါဝင်တယ်လို့ သိရပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက နောက်ဆုံးဟု ဒီဘရိုင်းဆို

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်တယ်လို့ မန်စီးတီးနဲ့ ဘယ်ဂျီယံကွင်း လယ်လူ ဒီဘရိုင်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဘရိုင်းဟာ ဘယ်ဂျီယံအသင်းကို ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး အခု ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ သူ့ရဲ့ တတိယအကြိမ်မြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို မိသားစုက အုပ်စု အဆင့်ကတည်းက လိုက်ပါအားပေးမှာဖြစ်လို့ သူ့အတွက် အမှတ်တရအရှိဆုံးပြိုင်ပွဲဖြစ်လာမှာလို့လည်း ဆိုပါတယ်။ ဒီဘရိုင်းက သူ့အနေနဲ့ တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စိတ်လှုပ်ရှားမိ ကြောင်းနဲ့ နောက် ၄ နှစ်မှာ ဘာဆက်ဖြစ်မယ်ဆိုတာကို ဘယ်သူမှ အတိအကျမပြောနိုင်လို့ သူ့အတွက်လည်း မသေချာဘူးလို့ ထုတ်ဖော်ပြောသွားခဲ့တာဖြစ်ပါတယ်။

ဒီဂီယာ မန်ယူမှာ ဆက်နေမယ်လို့ တန်ဟက် မျှော်လင့်

ဝက်ဟမ်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဂိုးသမား ဒီဂီယာက အသင်းအတွက် လက်စွမ်းပြ ကာကွယ်ခဲ့တာတွေကို မြင်တွေ့ခဲ့ပြီးနောက်မှာ ကြီးကျယ်တဲ့ စပိန်ဂိုးသမား မန်ယူအသင်းမှာ ဒီရာသီအလွန်အထိ ဆက်ရှိနေမယ်လို့ မျှော်လင့်ကြောင်း နည်းပြ အဲရစ်တန်ဟက် က ပြောပါတယ်။

ဒီဂီယာ လက်စွမ်းပြမှုနဲ့အတူ မန်ယူက ပြိုင်ပွဲစုံ ရှစ်ပွဲအထိ ဆက်တိုက် အနိုင်ရရှိထားကာ ပရီးမီးယားလိဂ်မှာလည်း နံပါတ် ၅ နေရာကို ရယူထားပါတယ်။

အသံအကျယ်ဆုံးအားပေးသည့် ပရိသတ်များစာရင်းတွင် ပရီးမီးယားလိဂ်မှ လိဒ်စ်နှင့် နယူးကာဆယ်တို့သာပါဝင်ပြီး ဒေါ့မွန်ပရိသတ်များဦးဆောင်

ဘောလုံးကွင်းများအတွင်း အားပေးသံ အဆူညံဆုံးအသင်း ၁၀ သင်း စာရင်းတွင် ပရီးမီးယားလိဂ်မှ လိဒ်စ်ယူနိုက်တက်နှင့် နယူးကာဆယ်တို့ နှစ်သင်းသာ ပါဝင်ခဲ့ပြီး ဘွန်ဒစ်လီဂါကလပ် ဒေ့ါမွန်အသင်းက ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ကြောင်း စစ်တမ်း တစ်ခုအရ သိရသည်။

လိုက်ဖ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများကို တေလာဆက်ထိန်း

အိုင်ယာလန်လက်ဝှေ့မယ် ကေတီတေလာဟာ ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲမှာစိန်ခေါ်သူ ကာရာဘာဂျယ်ကို အမှတ်နဲ့ အနိုင်ယူပြီး ချန်ပီယံဆုတွေကို ဆက်ထိန်းခဲ့ပါတယ်။

ဒီပွဲစဉ်ကို နယူးယော့ခ်မှာရှိတဲ့ မက်ဒီဆင်စကွဲမှာ ထိုးသတ်ခဲ့တာဖြစ်ပြီး အခုနေရာမှာထိုးသတ်တဲ့ ပထမဆုံး အမျိုးသမီးလက်ဝှေ့ပွဲလည်းဖြစ်ခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ်ကေတီတေလာအတွက်ကတော့ ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ် လက်ဝှေ့ကြိုးဝိုင်းထဲကို ပြန်လည်ဝင်ရောက်ခဲ့တာပါ။

အာဂျင်တီးနားသူ ကာရာဘာဂျယ်ကလည်း အကောင်းဆုံးပြန်လည်ထိုးသတ်ခဲ့လို့ တေလာအနေနဲ့ တချို့အချီတွေမှာ ခံစစ်ပုံစံကစားခဲ့ရတာမျိုးတောင်ရှိခဲ့ပါတယ်။

ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲအတွက် တိုင်ဆန်ဖျူရီနှင့် အူဆိုက် တို့အကြား ဆွေးနွေးမှုများရှိနေဆဲဟု သတင်းများထွက်ပေါ်

WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖျူရီနှင့်WBA (Super),IBF,WBo နှင့် IBO ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ အိုလက်ဇန္ဒားအူဆိုက်တို့ ထိုးသတ်မည့် ချန်ပီယံပေါင်းစည်းပွဲကို ၂၀၂၃ ခုနှစ် အစောပိုင်း၌ ဆော်ဒီအာရေဗျနိုင်ငံတွင် ပြုလုပ်ရန် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေလျက်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။