




ဇူလိုင် ၃၁
အက်သက်လက်တီကို မက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ ပါဝင် ကစားခဲ့ဖူးတဲ့ ဥရုဂွေး ဝါရင့် နောက်ခံလူကြီး ဒီယေဂို ဂိုဒင်ကတော့ ဒီနေ့မှာပဲ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ တရားဝင် အနားယူလိုက်ပြီပဲ ဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ဂိုဒင် ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို နှစ် ၂၀ ကြာ ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။
Photos: Twitter


ဇူလိုင် ၂၈
စပိန်နှင့် မန်စီးတီး ကွင်းလယ်ကစားသမားဟောင်း ဒေးဗစ်ဆေးလ်ဗားဟာ ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
ဒေးဗစ်ဆေးလ်ဗား(၃၇နှစ်)ဟာ မန်စီးတီးအသင်းနှင့်အတူ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့သူဖြစ်ပြီး ဒူးအရွတ်ဒဏ်ရာကြောင့် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဆေးလ်ဗားဟာ အသင်းသမိုင်းတလျှောက် အခမ်းနားဆုံးကစားသမားတစ်ဦးဖြစ်ကြောင်း မန်စီးတီးအသင်းက ဂုဏ်ပြုစာ ထုတ်ပြန်ခဲ့ပါတယ်။
Photos: Twitter


ဒီနှစ် ဘောလုံးရာသီ အစပိုင်းမှာပဲ တော့တင်ဟမ်ဟော့ စပါးအသင်းဟာ The Tiger Cup ဆိုတဲ့ ဆုဖလားတစ်လုံးကို စတင် ပိုင်ဆိုင်သွားခဲ့ရပြီပဲ ဖြစ်ပါတယ်။
စပါးက စင်္ကာပူကလပ် Lion City အသင်းကို (5:1)နဲ့ဂိုးပြတ် အနိုင်ယူပြီးနောက် Tiger Beer ကနေ စပွန်ဆာပေးထားတဲ့ The Tiger Cup ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


ဇူလိုင် ၂၆
နော်တင်ဟမ် ဖောရက်စ်အသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဆွီဒင် လက်ရွေးစင် တိုက်စစ် ကစားသမား အန်တိုနီ အီလန်ဂါ (အသက်၂၁ နှစ်)ကို ပြောင်းရွှေ့ကြေး ယူရို (၁၅)သန်းဖြင့်ခေါ်ယူပြီး (၅)နှစ်စာချုပ်ဖြင့် တရားဝင် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။
မန်ယူအသင်းအကယ်ဒမီထွက်ကစားသမား အီလန်ဂါ ဟာ ၂၀၂၁ ခုနှစ်တွင် မန်ယူအသင်းကြီးအတွက် စတင်ကစားပေးခဲ့ပြီး (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၅၅)ပွဲကစားရာတွင် (၄)ဂိုးသွင်းယူပေးခဲ့ပါတယ်။
Photos: Nottingham Forest

Photos: Thet Htar Thuzar – instagram
ဇူလိုင် ၂၅
မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာ Mauritius International 2023 တွင် တတိယဆု ရရှိခဲ့ပါတယ်။
၎င်းပြိုင်ပွဲကို အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းနိုင်ငံဖြစ်သည့် မောရစ်သျှနိုင်ငံတွင် ဇူလိုင်လ ၂၀ ရက်မှ ၂၃ ရက်အထိကျင်းပခဲ့ခြင်းဖြစ်ပြီး သက်ထားသူဇာက ၃၂ ဦးအဆင့်မှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကာ တတိယဆုရရှိခဲ့ခြင်းလဲဖြစ်ပါတယ်။
သက်ထားသူဇာဟာ လာမည့် ဇူလိုင် ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် ST DENIS REUNION OPEN 2023 တွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်။

ဇူလိုင် ၇
လေဗာကူဆင်အသင်းဟာ အာဆင်နယ်ရဲ့ ဆွစ်ဇာလန် ကွင်းလယ်ကစားသမားကြီး ဂရာနစ် ချာကာကို တရားဝင် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
ချာကာကို ယူရို(၂၅)သန်းဖြင့် ခေါ်ယူပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် ၆
PSG အသင်းဟာ ဘာစီလိုနာအသင်းနဲ့ စပိန်လက်ရွေးစင်အသင်းနည်းပြဟောင်း လူးဝစ် အန်နရီကေးအား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး (၂)နှစ် စာချုပ် ချုပ်ဆိုခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

ဇူလိုင် ၆
မန်ယူအသင်းဟာ ယခုရာသီ ပထမဆုံး ကစားသမားသစ်ခေါ်ယူမှုအဖြစ် ချယ်လ်ဆီးအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား မေဆန်မောင့်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
မေဆန်မောင့်ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည့်အချက်လဲ ပါဝင်ခဲ့ပါတယ်။ ၎င်း၏ ပြောင်းရွှေ့ကြေးမှာ ပေါင် ၅၅ သန်းနှင့် Add-ons ကြေး ပေါင် ၅ သန်းဖြစ်ကြောင်း သိရပါတယ်။
မေဆန်မောင့် ကို ဂန္ထဝင်နံပါတ်ဖြစ်သည့် ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားမည်ဖြစ်ကြောင်းလဲ အသင်းမှ အတည်ပြုကြေညာခဲ့ပါတယ်။