
ဆီးဂိမ်းဝင်ပြိုင်မည့် မြန်မာ့ပိုက်ကျော်ခြင်းအဖွဲ့ အုပ်စုခွဲဝေမှု ဇယားထွက်ပေါ်လာ
======================
33rd SEA GAMES THAILAND 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးတွင် မြန်မာအသင်းယှဥ်ပြိုင်ရမည့် အုပ်စုဇယားထွက်ပေါ်လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က အသိပေးထားသည်။
မြန်မာအမျိုးသားအသင်း(Men Team Regu)အနေဖြင့် အုပ်စု(A) တွင် မလေးရှား၊ ဖိလစ်ပိုင်စင်ကာပူအသင်းများဖြင့် ကျရောက်နေပြီး၊ မြန်မာအမျိုးသမီးအသင်း(Women Team Regu)အနေဖြင့် အုပ်စု (B)တွင် မလေးရှား၊ အင်ဒိုနီးယား၊ ကမ္ဘောဒီးယားအသင်းတို့နှင့် ကျရောက်နေသည်။









