အင်ဒီးယန်းဝဲလ်ဖိုင်နယ်ကို မက်ဗီဒက်ဗ် တက်ရောက်

ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်ဟာ အင်ဒီးယန်းဝဲလ် တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ပွဲစဉ်မှာ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ပွဲအဖြစ် မက်ဗီဒက်ဗ်နဲ့ အမေရိကန်နိုင်ငံသား တီယာဖိုတို့ ယှဉ်ပြိုင်ခဲ့ တာဖြစ်ပြီး လက်စွမ်းချင်းသိပ်မကွာကြလို့ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။

စီးရီးအေတွင် အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် အီဘရာဟီမိုဗစ် မှတ်တမ်းဝင်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးကစားခွင့်ရရှိ

အေစီမီလန်အသင်းမှ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် အူဒီးနီးစ်အသင်းအား (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် ပွဲတွင် အသင်းအတွက် တစ်ဂိုးသွင်းယူပြီးနောက်  စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ကြောင်း သိရသည်။ ထို့ပြင် ၎င်းအနေဖြင့် အေစီမီလန်အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့် ရရှိခြင်းလည်းဖြစ်သည်။

အူဆိုက်ဘက်မှ ဝေဖန်လာချိန်တွင် ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲကို ဧပြီလ(၂၉)ရက်တွင် ထိုးသတ်မည်ဟု တိုင်ဆန်ဖျူရီ အတည်ပြု

WBA (Super) ၊ IBF နှင့် WBO ချန်ပီယံဖြစ်သူ ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်နှင့်ထိုးသတ်မည့် ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲကို ဧပြီလ(၂၉)ရက်တွင် ပြုလုပ်သွားမည်ဟု WBC ချန်ပီယံ တိုင်ဆန်ဖျူရီက အတည်ပြုပြောကြားခဲ့သည်။

အူဆိုက်၏ပွဲစီစဉ်သူ အလက်ဇန္ဒားခရက်စ်ယူက မတ်လ(၁၃)ရက်တွင် တိုင်ဆန်ဖျူရီသည် အူဆိုက်ကို ရင်ဆိုင်ရန် ကြောက်ရွံ့နေကြောင်း စကားစစ်ထိုးပြီးနောက် တိုင်ဆန်ဖျူရီက ပွဲနေ့ကိုပါ အတည်ပြုသွားခဲ့ခြင်းဖြစ်သည်။

ယူရိုပါလိဂ်ရှုံးထွက်ပွဲစဉ်တွင် မန်ယူနှင့် စပို့တင်းလစ္စဘွန်းတို့ အနိုင်ရပြီး ကွာတားတက်

ဒီနေ့မနက် အစောပိုင်း ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ဘက်တစ်အသင်းကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

မန်ယူနိုက်တက် အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်တုန်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတာကြောင့် နှစ်ပွဲပေါင်း ၅ ဂိုး ၁ ဂိုးနဲ့ ကွာတားကို တက်ရောက်သွားတာပါ။

ချန်ပီယံလိဂ်ပွဲမတိုင်မီမှာ ဖရန့်ဖတ်ပရိသတ်များနဲ့ အီတလီရဲများ ပြဿနာဖြစ်ပွားခဲ့

ယမန်နေ့က နာပိုလီနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပွဲ ဒုတိယအကျော့မတိုင်ခင်မှာ ဖရန့်ဖတ်အသင်းရဲ့ ပရိသတ်တွေနဲ့ အီတလီလုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား ပြဿနာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

BBC ရဲ့အဆိုအရ အဝေးကွင်းကို လိုက်ပါအားပေးတဲ့ ဖရန့်ဖတ်ပရိသတ်တွေဟာ ရဲကားတစ်စီးကိုမီးရှို့ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို မီးခိုးဗုံးတွေ၊ မီးရှူးပန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ရတယ်လို့ ဆိုပါတယ်။ တခြားသတင်းတစ်ပုဒ်မှာတော့ ဖရန့်ဖတ်ပရိသတ်အချို့ဟာ မြို့ခံ နာပိုလီ အစွန်းရောက်ပရိသတ်တွေရဲ့ ရန်ပြုတိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရကြောင်း သိရပါတယ်။

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အဖြစ် ဂျာမနီ နည်းပြ မိုက်ကယ် ဖိုက်တန်ဘိုင်နားအား (၂)နှစ် စာချုပ်ဖြင့် ခန့်အပ်

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)သည် ယခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီး အတွက် ဂျာမနီ နည်းပြ မိုက်ကယ် ဖိုက်တန်ဘိုင်နာ (Michael Feichtenbeiner)အား (၂)နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ကြောင်း ယနေ့ မတ်လ (၁၆)  ရက်တွင် အသိပေးလာသည်။

ပိုင်ရှင်ပြောင်းလိုက်မှ ငရဲထဲကျသွားဖို့ ရှိနေတဲ့ မန်ယူ

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က စည်းမျဉ်းတစ်ခု ပြောင်းလဲဖို့ စီစဉ်နေပါတယ်တဲ့။ အဲ့ဒီစည်းမျဉ်းသာ အသက်ဝင်သွားခဲ့ရင် ပထမဆုံး အထိနာနိုင်တာက မန်ယူပါပဲ။ ပိုင်ရှင်တူညီတဲ့ အသင်းနှစ်သင်းထဲက တစ်သင်းကို ချန်ပီယံလိဂ်မှာ ဝင်ကစားခွင့်မပြုဆိုတဲ့ ဥပဒေကို ယူအီးအက်ဖ်အေက ပြဌာန်းဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။ မန်ယူက ဘာလို့ ဒီဥပဒေနဲ့ ငြိစွန်းနိုင်တာလဲဆိုတော့ မန်ယူကို ဝယ်ယူဖို့ ကမ်းလှမ်းနေတဲ့ ပိုင်ရှင်တွေဟာ ပြင်သစ်ကလပ်တွေနဲ့ ဆက်နွှယ်မှုရှိနေလို့ ဖြစ်ပါသတဲ့။ ဒီတော့ အဲ့ဒီပြင်သစ်ကလပ်တွေကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရ၊ မန်ယူကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရတွေ ဖြစ်လာခဲ့ရင် အကုန်လုံးဇာတ်ရှုပ်ကုန်ပါလိမ့်မယ်။ ယူအီးအက်ဖ်အေဥက္ကဌ ဆီဖီရင် ကတော့ အခုစီစဉ်နေတဲ့ ဥပဒေစည်းမျဉ်းသစ်ကို ပြဌာန်းဖြစ်နိုင်ပါတယ်လို့ ပြောထားတာမို့ အခြေအနေက စောင့်ကြည့်ချင်စရာပါပဲ။ မန်ယူကို လက်လွှဲရောင်းချမယ့်ဇာတ်လမ်းကလည်း အခုအချိန်ထိ သပွတ်အူလို ရှုပ်ထွေးပွေလီနေဆဲပဲဖြစ်ပါတယ်။ #Shwesports

ဒဏ်ရာကြောင့် ဂါနာချို ကာလအတန်ကြာ နားရတော့မည်

မန်ယူအသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဂါနာချိုဟာ ဒဏ်ရာပြဿနာကြောင့် ကာလအတန်ကြာ အနားယူ ရတော့မှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ ဂါနာချိုဟာ ဆောက်သမ်တန်အသင်းနဲ့ ဂိုးမရှိ သရေကျတဲ့ပွဲရဲ့ ပွဲချိန် ၇၃ မိနစ်မှာ လူစားဝင်ခဲ့ပေမယ့် ပြိုင်ဘက်ကစားသမား ဝေါ်လ်ကာပီတာစ်ရဲ့ ဟန့်တားမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါကြောင့် ခြေချင်းဝတ်ဒဏ်ရာရခဲ့သလို ကွင်းလယ်လူ ဖရက်ဒ်နဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။

အင်္ဂလန်ကလပ်အသင်း နှစ်သင်း၊ အီတလီကလပ်သုံးသင်း၊ ဂျာမန်၊ ပေါ်တူဂီ၊ စပိန်ကလပ် တစ်သင်းစီ ချန်ပီယံလိဂ် ကွာတားတက်

ချန်ပီယံလိဂ် (၁၆) သင်းအဆင့်ရှုံးထွက်ပွဲစဉ် ပြီးဆုံးသွားတဲ့အခါမှာ အင်္ဂလန်ကလပ်အသင်း နှစ်သင်း၊ အီတလီကလပ်သုံးသင်း၊ ဂျာမန်၊ ပေါ်တူဂီ၊ စပိန်ကလပ် တစ်သင်းစီ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပါတယ်။

အင်္ဂလန်ကိုယ်စားပြုအဖြစ် မန်စီးတီးနဲ့ ချဲလ်‌ဆီး အီတလီကိုယ်စားပြုအဖြစ် အင်တာမီလန်၊ အေစီမီလန်နဲ့ နာပိုလီ၊ ဂျာမန်ကိုယ်စားပြုအဖြစ် ဘိုင်ယန်မြူးနစ်၊ ပေါ်တူဂီကိုယ်စားပြုအဖြစ် ဘင်ဖီကာ၊ စပိန်ကိုယ်စားပြုအဖြစ် ရီးရဲလ်မက်ဒရစ်တို့က ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။