မန်ယူအသင်းသည် လာမည့် ၂၀၂၃ နွေရာသီအပြောင်း အရွှေ့ကာလတွင် စပါးအသင်းမှ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းကို ပေါင်သန်း (၈၀) ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ The Mirror က ဖော်ပြခဲ့သည်။
စပါးအသင်းနည်းပြ ကွန်တီ ရာထူးမှထုတ်ပယ်ခံရပြီးနောက် အသင်းတိုက်စစ်မှူး ဟာရီကိန်းသည် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။