မိုင်ယာမီအိုးပင်းချန်ပီယံဆုကို မက်ဗီဒက်ဗ် ရရှိ

ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်ဟာ အခုနှစ်အတွက် ၄ ခုမြောက် အေတီပီတိုးချန်ပီယံဆုအဖြစ် မိုင်ယာမီ အိုးပင်းချန်ပီယံဆုကို ရယူခဲ့ပါတယ်။ မိုင်ယာမီအိုးပင်း အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ မက်ဗီဒက်ဗ်ဟာ အီတလီတင်းနစ်သမား  ဂျန်နစ်ဆင်နာနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဆင်နာဟာ ပထမပွဲလတ်မှာ မက်ဗီဒက်ဗ်ကို အကြိတ်အနယ်လိုက်ကစားခဲ့ပေမယ့် ပထမပွဲလတ် ရှုံးနိမ့်ပြီးနောက်ပိုင်းမှာတော့ မက်ဗီဒက်ဗ်ကို ဘယ်လိုမှမယှဉ်နိုင်တော့ပဲ အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြသစ်ဖြစ်လာရန် နာဂယ်စ်မန်း ရေပန်းအစားဆုံးဖြစ်နေ

ဘိုင်နယ်မြူးနစ်နည်းပြဟောင်း နာဂယ်စ်မန်းဟာ ဗီလာကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲပြီးနောက် ချဲလ်ဆီးနည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဂရေဟမ်ပေါ်တာနေရာမှာ အစားထိုးဝင်ရောက်ဖို့အတွက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ နာဂယ်စ်မန်းကို စပါးအသင်းကလည်း နည်းပြခန့်အပ်ဖို့ ဆန္ဒရှိနေပြီး ချဲလ်ဆီးနည်းပြသစ်ဖြစ်လာဖို့ 10:11 လေးနဲ့ ရေပန်းစားနေတာပါ။ စပါးနည်းပြဟောင်း ပိုချက်တီနိုက 7:2 လေးနဲ့ ဒုတိယနေရာမှာရှိနေပြီး ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား(၃)လုံးဆွတ်ခူးခဲ့တဲ့ ဇီဒန်းကတော့ 6:1 လေးနဲ့ တတိယနေရာမှာ ရေပန်းစားနေပါတယ်။ ဂရေဟမ်ပေါ်တာဟာ ချဲလ်ဆီးကို(၇)လကြာကိုင်တွယ်ခဲ့ရာမှာ (၃၁)ပွဲမှာ (၁၂)ပွဲသာ အနိုင်ရခဲ့ပါတယ်။ စနေနေ့က ဗီလာကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာတော့ ချဲလ်ဆီးဘုတ်အဖွဲ့က ဂရေဟမ်ပေါ်တာ

လုပ်ခလစာလျှော့ယူရန် မက်ဆီ ဆန္ဒမရှိ

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပြင်သစ်ကလပ် ပီအက်စ်ဂျီမှာ ဆက်နေခဲ့ရင်လည်း လုပ်ခလစာလျှော့ယူဖို့ ဆန္ဒမရှိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။  အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိခဲ့တာဖြစ်ပြီး လာမယ့် ဇူလိုင်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။

ကမ္ဘောဒီးယား၌ကျင်းပမည့် ၃၂ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှအားကစားသမား အယောက် ၄၀၀ ကျော်စေလွှတ်မည်

ဖနွမ်းပင်၊ဧပြီ ၂

ကမ္ဘောဒီးယား၌ကျင်းပမည့် (၃၂) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမှအားကစားသမား ၄၀၀ ကျော်စေလွှတ်မည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက စနေနေ့ကထုတ်ပြန်ခဲ့သည်။

အဆိုပါပြိုင်ပွဲအတွက် အားကစားနည်း ၁၉ မျိုးအတွက် နည်းပြနှင့်ကစားသမားပေါင်း ၄၆၀ ကျော်ကို စေလွှတ်မည်ဖြစ်သည်။

ယင်းသို့ပါဝင်ယှဉ်ပြိုင်မည့်အားကစားသမားများအနက် အယောက် ၃၀၀ ကျော်သည် နေပြည်တော်၌လေ့ကျင့်နေပြီး ကျန် ၁၀၀ ကျော်သည် ရန်ကုန်၌လေ့ကျင့်မှုများပြုလုပ်နေသည်ဟုလည်း ၎င်းကထပ်မံပြောကြားခဲ့သည်။

ပရီးမီးယားလိဂ် လုပ်ခအများဆုံး ကစားသမားစာရင်းတွင် ဦးဆောင်နေတဲ့ ဒီဘရိုင်းနဲ့ ဟာလန်း

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လုပ်ခအများဆုံးကစားသမားစာရင်းမှာ မန်စီးတီးက ဒီဘရိုင်းနဲ့ ဟာလန်း တို့က ဦးဆောင်နေပါတယ်။

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းဟာ တစ်ပတ်လုပ်ခ ပေါင် ၄၂၅၀၀၀  ရရှိပြီး တစ်လကို ပေါင် ၁ ဒသမ ၇သန်းရရှိနေတယ်လို့ ပြင်သစ်သတင်းဌာန L’Equipe ကဖော်ပြပါတယ်။

ကမ္ဘာ့လုပ်ခအများဆုံး နည်းပြစာရင်းတွင် အက်သလက်တီကိုနည်းပြ ဆီမြွန်နီဦးဆောင်

ကမ္ဘာ့လုပ်ခအများဆုံး နည်းပြစာရင်းမှာ စပိန်ကလပ် အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက ထိပ်ဆုံးကနေဦးဆောင်ခဲ့ပါတယ်။ ပြင်သစ်သတင်းစာL’Equipe  ရဲ့ လေ့လာချက်အရ ကမ္ဘာ့လုပ်ခအများဆုံးနည်းပြ စာရင်းမှာ ဆီမြွန်နီက တစ်ပတ်လုပ်ခ ပေါင် ၅၇၀၀၀၀ ကျော်ရရှိနေတာပါ။

ပရီးမီးယားလိဂ်နည်းပြတွေထဲမှာ အများဆုံးလုပ်ခရရှိနေတဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာထက်တောင် ပိုမိုများပြား နေတာဖြစ်ပြီး ဂွာဒီယိုလာက တစ်ပတ်လုပ်ခ ပေါင် ၃၇၀၀၀၀  ကျော်ရရှိတာပါ။

မန်ယူအသင်း၌ ဆက်နေရန်အတွက် ပြီးခဲ့သည့်နွေက PSG အသင်း၏ တစ်ပတ်လစာ ပေါင် (၄၀၀၀၀၀)ကျော်ဖြင့် ကမ်းလှမ်းမှုကို ရပ်ရှ်ဖို့ဒ် ငြင်းပယ်ခဲ့

အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်း၌ ဆက်နေရန်အတွက် ပြီးခဲ့သည့်နွေရာသီက PSG အသင်း၏ တစ်ပတ်လစာ ပေါင် (၄၀၀၀၀၀) ကျော်ဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။

အသက် (၂၅) နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင် ပွဲစုံ (၄၄) ပွဲတွင် (၂၇) ဂိုးသွင်းယူထားကာ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးရာသီကို ပိုင်ဆိုင်ထားသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ဗိုဗီနမ်ပြိုင်ပွဲတွင် မြန်မာက ရွှေ(၅)၊ ငွေ (၄)၊ ကြေးတံဆိပ် (၁၈) စုစုပေါင်း ဆုတံဆိပ် (၂၇) ဖြင့် နိုင်ငံအလိုက် အဆင့်(၃)ဖြင့် တတိယဆုရရှိ

ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၃ ခုနှစ်၊ မတ်လ(၂၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် 6th SEAVF Southeast Asian vovinam championship 2023 ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

လာမည့် SEA Game တွင် မြန်မာနိုင်ငံမှ အားကစားနည်း(၁၉)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်

က‌မ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင်ကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Game) တွင် မြန်မာနိုင်ငံမှ အားကစားနည်း(၁၉)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနထံမှ သိရသည်။

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း(၁၉)နည်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းနှင့် ရန်ကုန်မြို့ရှိ အားကစား အဖွဲ့ချုပ်များတွင် သက်ဆိုင်ရာအားကစားနည်းအလိုက် အားကစားသမားများမှ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

ဖာဂူဆန် နဲ့ အာဆင်ဝင်းဂါး တို့ကို ပရီးမီးယားလိဂ် Hall of Fame စာရင်းဝင် နည်းပြ ၂ ယောက်အဖြစ် ဂုဏ်ပြု ပရီးမီးယားလိဂ်ဟာ သက်တော်ရှည်နည်းပြကြီး ၂ ဦးဖြစ်သည့် ဆာအဲလက်စ် ဖာဂူဆန် နဲ့ အာဆင်ဝင်းဂါး တို့ကိုပထမဆုံး ပရီးမီးယားလိဂ် Hall of Fame စာရင်းဝင် နည်းပြ ၂ ယောက်အဖြစ် ယနေ့တွင် ဂုဏ်ပြုလိုက်သည်။ ဆာအဲလက်စ် ဖာဂူဆန်သည် ဗြိတိန်ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးနည်းပြဖြစ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်ရရှိခဲ့ဖူးသည်။ အာဆင်၀င်းဂါး သည်လည်း အာဆင်နယ်အသင်းနှင့်အတူ ၂၀၀၃/၂၀၀၄ ဘောလုံးရာသီ၊ အင်္ဂလိပ်ဘောလုံး သမိုင်းတလျောက် ရှုံးပွဲမရှိ ချန်ပီယံဆု ရယူနိုင်ခဲ့သူလည်းဖြစ်သည်။ Premier League Hall of Fame သည် အင်္ဂလန်၏အဆင့်အမြင့်ဆုံးထိပ်တန်းလိဂ်ဖြစ်သော ပရီးမီးယားလိဂ်တွင် ကစားပြီး စီမံခန့်ခွဲခဲ့ကြသည့်ဘောလုံးကစားသမားများနှင့်မန်နေဂျာများကို ဂုဏ်ပြုခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ဟာ သက်တော်ရှည်နည်းပြကြီး ၂ ဦးဖြစ်သည့် ဆာအဲလက်စ် ဖာဂူဆန် နဲ့ အာဆင်ဝင်းဂါး တို့ကိုပထမဆုံး ပရီးမီးယားလိဂ် Hall of Fame စာရင်းဝင် နည်းပြ ၂ ယောက်အဖြစ် ယနေ့တွင် ဂုဏ်ပြုလိုက်သည်။

ဆာအဲလက်စ် ဖာဂူဆန်သည် ဗြိတိန်ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးနည်းပြဖြစ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်ရရှိခဲ့ဖူးသည်။