
ဧပြီ ၎
ပြိုင်ဘက် ပေါ်တူဂီနိုင်ငံသားကို အလဲထိုးကာ ပူပူနွေးနွေးနိုင်ပွဲရထားသည့် မြန်မာ့လက်ဝှေ့အကျော်အမော် သံမဏိစိုးလင်းဦးနှင့် မွေထိုင်းအကျော်အမော် ဆက်ဆန်ခွမ်းမြူတို့ ပွဲတည်ပေးရန် ထိုင်းနိုင်ငံပရိတ်သတ်များက တောင်းဆိုနေကြကြောင်း သိရပါတယ်။
အသက်(၃၅)နှစ်အရွယ် ထိုင်းဖိုက်တာ ဆက်ဆန်ခွမ်းမြူသည် ONE ပွဲစဉ်တစ်လျှောက် (၈)ပွဲထိုးထားပြီး ရှုံးပွဲမရှိသည့်စံချိန်ကို ပိုင်ဆိုင်ထားပြီး၊ စိုးလင်းဦးအနေဖြင့်လည်း (၂)ပွဲထိုး ရှုံးပွဲမရှိ အနိုင်ရရှိထားသူတစ်ဦးဖြစ်ပါတယ်။








