နိုဝင်ဘာ ၁၂
မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျော့ရှူဝါဗန်ဟာ ဒီကနေ့ နိုဝင်ဘာ (၁၂) ရက် နံနက်အစောပိုင်းက ကျင်းပခဲ့တဲ့ UFC 295 ပြိုင်ပွဲကြီးမှာ ပြိုင်ဘက် ပီရူးနိုင်ငံသားကယ်ဗင် ဘော့ဂျာကို အမှတ်နဲ့ အနိုင်ရရှိသွားပါတယ်။
ဒီပွဲဟာ UFC မှာ ကစားတဲ့ သူ့ရဲ့ ဒုတိယမြောက်ပွဲဖြစ်သလို ဒုတိယမြောက် အနိုင်ပွဲလည်း ဖြစ်ပါတယ် ။