ဒီဇင်ဘာ ၂၆
ဘာစီလိုနာအသင်း တိုက်စစ်မှူးဟောင်း လူးဝစ်ဆွာရက်ဇ်က အသင်းဖော်ဟောင်းတွေရှိနေတဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဘရာဇီးကလပ် ဂရီမီယိုအသင်းနဲ့ လမ်းခွဲပြီးနောက်မှာ မက်ဆီကစားနေတဲ့ အင်တာမိုင်ယာမီအသင်းသို့ ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။