
သန့်ဇင်ကို Suriyanlek Por Yenying နဲ့ One 170 ပြိုင်ပွဲကြီးမှာ ထည့်သွင်းလိုက်ပါတယ်။ One Championship ကတော့ စာချုပ်ကြီးမရသေးတဲ့ သန့်ဇင်ကို ပွဲကြီးတွေမှာ ပွဲထုတ်နေပါပြီ။ အဓိကတော့ ဒီပြိုင်ပွဲကြီးထဲမှာ မြန်မာပရိတ်သတ်တွေများများလာဖို့ One ဘက်က မြန်မာပရိတ်သတ်ဝန်းရံမှုရှိတဲ့ မြန်မာဖိုက်တာတွေနဲ့ ပွဲထုတ်နေတာပါ။ သန့်ဇင်ရဲ့ ပြိုင်ဘက် Suriyanlek Por Yenying ဟာ အသက်က 28 နှစ်ရှိပြီဖြစ်ပြီး အရပ်က 5 ပေ 2 လက်မပဲရှိလို့ သန့်ဇင်က ပိုရှည်ပါတယ်။ One မှာ 9 ပွဲထိုးထားပြီး 6 ပွဲနိုင်ထားပါတယ်။









