
ဆွစ်ဇာလန်နာမည်ကျော်တင်းနစ်သမား ရော်ဂျာဖက်ဒါရာသည် မကြာမီစတင်တော့မည့် ပြင်သစ်အိုးပင်းပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြောင်း သိရှိရသည်။
ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ မေလ(၂၂)ရက်နေ့မှ ဇွန်လ(၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲ၏ လက်ရှိချန်ပီယံမှာ ဆွစ်ဇာလန် တင်းနစ်သမား စတန်ဝေါ်ရင်ကာဖြစ်သည်။
အသက်(၃၄)နှစ်ရှိပြီဖြစ်သည့် ရော်ဂျာဖက်ဒါရာသည် နောက်ကျောဒဏ်ရာ သက်သာလာခြင်းမရှိသည့်အတွက် ပြိုင်ပွဲမတိုင်မီ နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။









