ရုရှားနိုင်ငံ ဆိုချီမှာကျင်းပတဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ မာစေးဒီးစ်အသင်းရဲ့ ဂျာမန်ကား မောင်းသမား နီကိုရော့စ်ဘတ် အနိုင်ရခဲ့ပါတယ်။
ဒါဟာ ရော့စ်ဘတ်တွက် ၂၀၁၆ခုနှစ်အတွင်းမှာ ကျင်းပတဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲ ၄ရပ်စလုံးကိုအနိုင်ရခဲ့တာဖြစ်ပါတယ်။ ရော့စ်ဘတ်ရဲ့ အသင်းဖော် လူးဝစ် ဟာမီလ်တန်ကတော့ အဆင့် ၁၀နေရာက တာထွက်ခွင့်ရခဲ့ပေမယ့် ဒုတိယနေရာကနေ ပန်းဝင်နိုင်ခဲ့ပါတယ်။ ဖာရာရီအသင်းရဲ့ကီမီရိုင်ကွန်နန်ကတော့ အကောင်းဆုံး မောင်းနှင်ခဲ့ပြီး အဆင့် ၃ နေရာ ရခဲ့ပါတယ်။