Photo: AFP
၂၀၁၆ ရာသီ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲ၏ ဆဋ္ဌမမြောက်ပွဲစဉ်ဖြစ်သည့် မိုနာကို ဂရင်းပရီပြိုင်ပွဲကို မေ ၂၉ ရက်က ကျင်းပခဲ့ရာ မာစီးဒီးစ်အသင်းမှ လက်ရှိ ကမ္ဘာ့ချန်ပီယံ ဗြိတိန်နိုင်ငံသား လူးဝစ်ဟာမီလ်တန် အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။
Photo: AFP
၂၀၁၆ ရာသီ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲ၏ ဆဋ္ဌမမြောက်ပွဲစဉ်ဖြစ်သည့် မိုနာကို ဂရင်းပရီပြိုင်ပွဲကို မေ ၂၉ ရက်က ကျင်းပခဲ့ရာ မာစီးဒီးစ်အသင်းမှ လက်ရှိ ကမ္ဘာ့ချန်ပီယံ ဗြိတိန်နိုင်ငံသား လူးဝစ်ဟာမီလ်တန် အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။
အဋ္ဌမအကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ် ချန်ပီယံပြိုင်ပွဲတွင် လက်ဝှေ့က လပ် ၂၀ မှ ကစားသမား ၅၆ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် ၀ိတ်တန်းခုနစ်တန်း ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး ဇွန်လ ၂၅ နှင့်၂၆ ရက်တို့၌ ကွာတားဖိုင်နယ် အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဗြိတိန်က မသန်စွမ်းချန်ပီယံ ဒေးဗစ်ဝီယာ (David Weir) ဟာ ၁ မိုင်ခရီးကို ၃ မိနစ်အတွင်းမှာပဲ ပန်းဝင်နိုင်တဲ့ ပထမဆုံး ၀ှီးချဲ အပြေးသမား ဖြစ်လာပါတယ်။ ၀ီယာဟာ လန်ဒန်မာရသွန်မှာ ချန်ပီယံ ၆ ကြိမ် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
ဝင်ဘလေကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံရှစ် ရှုံးထွက်ဗိုလ်လုပွဲ၌ မိုဟာမက်ဒီယမ်မီ၏ သွင်းဂိုးဖြင့် ဟူးလ်စီးတီးက ရှက်ဖ်ဖီးဝက်နက်စ်ဒေး အသင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရရှိခဲ့သည်။
၂၅ ကိုက်အကွာမှ ကွင်းလယ်လူ ဒီမီယမ်၏ ညာခြေဖြင့် ဝှေ့ဝိုက်ကန်သွင်းသောဂိုးဖြင့် ဟူးလ်စီးတီးအသင်း ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရခဲ့ခြင်းဖြစ်သည်။
ကိုပါအမေရိက ဖလား မစတင်မီ ရက်ပိုင်းအလို တွင် ဒဏ်ရာရရှိခဲ့သော အာဂျင် တီးနား တိုက်စစ်မှူးမက်ဆီသည် စနေနေ့က နာကျင်မှုများ သက်သာလာပြီ ဖြစ်သော်လည်း ဒဏ်ရာအပြည့်အဝ ပြန်ကောင်းမည့် အချိန်ကို မသိရသေးဟု အာဂျင်တီးနားအသင်းဆရာဝန် ဒန်နီ ယယ်မာတီနက်ဇ်က ပြောကြားသည်။
ပြိုင်ဘက် အက်သလက် တီကိုအသင်း ချန်ပီယံလိဂ်ဗိုလ်လု ပွဲ စိတ်ပျက်စရာ ရှုံးနိမ့်မှု ထပ်မံ ဖြစ်ပေါ်ခဲ့သောပွဲတွင် တိုက်စစ် မှူး ရော်နယ်ဒိုက ရီးရဲလ်အတွက် အဆုံးအဖြတ် ပင်နယ်တီသွင်းယူ ခဲ့ပြီး (၁၁) ကြိမ်မြောက် ချန်ပီယံ လိဂ်ဖလား ရရှိခဲ့သည်။
ရီးရဲလ်မက်ဒရစ်တွင်သာ ကစားသမားဘ၀ကုန်ဆုံးလိုပြီး စာချုပ်သက်တမ်းတိုးရန် စိတ်အားထက်သန်နေသည်ဟု ရော်နယ်ဒိုက အခိုင်အမာပြောကြားလိုက်သည်။
ရော်နယ်ဒို (၃၁) နှစ်၏ ရီးရဲလ်နှင့် စာချုပ်သည် ၂၀၁၈ ၌ ကုန်ဆုံးမည်ဖြစ်ကာ ပီအက်စ်ဂျီ သို့ ပြောင်းရွှေ့မည် (သို့မဟုတ်) မန်ယူသို့ ပြန်သွားမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ယူရို ၂၀၁၆ ဥရောပဘော လုံးပြိုင်ပွဲ လုံခြုံရေးအတွက် ရဲ တပ်ဖွဲ့ဝင် ခြောက်သောင်းကျော် ချထားမည်ဖြစ်ကာ လာမည့်လ တွင် စတင်မည့်ပြိုင်ပွဲအတွင်း အရပ်ဘက်တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် ဖြစ်နိုင်သမျှ အားလုံး လုပ်ဆောင်သွားမည်ဟု ပြင်သစ် နိုင်ငံက ကြုံးဝါးသည်။
ပြီးဆုံးခဲ့ပြီဖြစ်တဲ့ ၂၀၁၅-၂၀၁၆ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာတော့ လက်စတာအသင်းက ချန်ပီယံဖြစ်ခဲ့ပြီး ဘောလုံးရပ်ဝန်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး ဖြစ်ပါတယ်။ အခုလို ပရီးမီးယားလိဂ် ဘောလုံးရာသီပြီးဆုံးခဲ့ချိန်မှာတော့ အသင်းလိုက် ရရှိခဲ့တဲ့ ဆုကြေးငွေတွေကိုလည်း ထုတ်ပြန်ပေးခဲ့ပြီဖြစ်ပါတယ်။ ဆုကြေး ဆိုပေမယ့်လည်း ဒီစာရင်းမှာတော့ ရုပ်သံထုတ်လွှင့်ခတွေပါ ပါဝင်ပေါင်းထည့်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
(Getty Images)
၂၀၁၆ ယူရိုပြိုင်ပွဲမှာ ပြင်သစ်နိုင်ငံ လန်းစ်မြို့ရဲ့ လမ်းတွေပေါ်မှာ အင်္ဂလန်နဲ့ ဝေးလ် ဘောလုံးပရိသတ်တွေကို အရက်သေစာ မသောက်စားဖို့ ပြင်သစ် အာဏာပိုင် တွေက တားမြစ်လိုက်ပါတယ်။
ဇွန် ၁၆ အုပ်စု ခ ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ ဝေးလ်အသင်းတို့ ကစားကြမှာဖြစ်ပြီး လန်းစ်မြို့မှာ အရက်သောက်ခွင့်ကို ၂၄ နာရီ ပိတ်ပင်လိုက်တဲ့အတွက် အရက်သောက်ခွင့်ရမှာ မဟုတ်ပါဘူး။