
လာမည့် ၂၀၂၅ -၂၀၂၆ ဘောလုံးရာသီအတွက် မြန်မာ့လ က်ရွေးစင်အသင်း နှင့် မြဝတီအသင်းတွင် ကစားနေသည့် နောက်ခံ ကစားသမား ဖြူဖြူဝင်းကို ဧရာဝတီအက်ဖ်စီအ သင်းက ခေါ်ယူခဲ့ကြောင်း သိရသည်။
အသက် (၂၀)အရွယ် ဖြူဖြူဝင်းသည် နိုင်ငံတကာနှင့် ပြည် တွင်းပွဲပေါင်း (၁၁၀) ကျော်၌ ကစားခဲ့ဖူးပြီး ရှေ့တန်း၊ အလ ယ်တန်းနှင့် နောက်တန်းကစားနိုင်သည့် စွမ်းရည်ရှိသူဖြစ်ကာ မြန်မာအမျိုးသမီးဘောလုံးပရိသတ်များ၏အား ပေးမှုကို အပြည့်အဝရရှိထားသည် အမျိုးသမီးလူငယ်က စားသမားတစ်ဦးဖြစ်သည်။
လက်ရှိတွင် ဖြူဖြူဝင်းအနေဖြင့် လာမည့် ဘောလုံးရာသီ၌ ဧရာဝတီအက်ဖ်စီအသင်းဖြင့် ပွဲထွက်ကစားနိုင်ရန် အသင်းနှင့်အတူ လေ့ကျင့်ပြင်ဆင်နေပြီဖြစ်သည်ဟု သိရသည်။







