တားမြစ်ဆေး သုံးစွဲမှုကြောင့် ၂ နှစ် ပွဲပယ်ပြစ်ဒဏ် ကျခံရခြင်းကို မာရီယာ ရှရာပိုဗာ အနေဖြင့် အယူခံဝင်သွားရန် စီစဉ်နေကြောင်း သိရသည်။ ရှရာပိုဗာသည် နိုင်ငံတကာ တင်းနစ် အဖွဲ့ချုပ်၏ ဆေးစစ်မှုရလဒ် မအောင်မြင်ခဲ့ကြောင်း ပြီးခဲ့သည့် မတ်လက လူသိရှင်ကြား ဝန်ခံခဲ့သည်။ သူမအနေဖြင့် နှလုံးအားကောင်းစေသည့် Meldonium ဆေးဝါးကို ကျန်းမာရေး အခြေအနေအရ ဆယ်စုနှစ် တစ်ခုမျှ သုံးစွဲခဲ့ကြောင်း၊ သို့သော် အဆိုပါ ဆေးဝါးသည် ယခုနှစ်ဆန်းပိုင်းမှ စတင်၍ တားမြစ်ဆေး စာရင်းဝင်လာသည်ကို သတိမပြုမိဘဲ ဆက်လက် သုံးစွဲနေသဖြင့် ဆေးကျခဲ့ကြောင်း ရှရာပိုဗာက ရှင်းလင်းခဲ့သည်။
အာဆင်နယ်တိုက်စစ်မှူး ဖြစ်လာမယ်လို့ သတင်းတွေ ထွက်နေတဲ့ ဗာဒီ
ပြီးခဲ့တဲ့ရာသီက လက်စတာအသင်းနဲ့အတူ ခြေစွမ်းပြပြီး ပရီမီယာလိဂ်ဖလားကို ရယူ ပေးနိုင်ခဲ့တဲ့ ဗာဒီဟာ အာဆင်နယ်သို့ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီလို့ ဆိုပါတယ်။
ဗာဒီကို တစ်ပတ်ပေါင် ၁၂ဝဝဝဝ နဲ့ အာဆင်နယ်က သုံးနှစ်စာချုပ်နဲ့ ခေါ်ယူဖို့သဘော တူလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဗာဒီအနေနဲ့ သုံးနှစ်စာချုပ်ကနေ နောက်ထပ် ၁၂ လ ထပ်မံ စာချုပ်နိုင်တဲ့ အခွင့်အလမ်းလည်း ရှိတယ်လို့ ဆိုပါတယ်။
ရော်နယ်ကိုးမန်း အဲဗာတန်သို့ ပြောင်းရွှေ့နည်းပြရန် သဘောတူ
နယ်သာလန်သား ရော် နယ်ကိုးမန်းသည် အဲဗာတန်သို့ ပြောင်းရွှေ့နည်းပြရန် သဘော တူလိုက်သည်ဟု အဲဗာတန် အသင်းက ပြောကြားသည်။
ဆောက်သမ်တန်ကို ၂ နှစ် ကြာကိုင်တွယ်ခဲ့သော ရော်နယ် ကိုးမန်း (၅၃) နှစ်အတွက် အဲဗာ တန်က ပေါင်ငါးသန်း လျော်ကြေး ပေးမည်ဖြစ်သည်။ ကိုးမန်းသည် ဘောလုံးရာသီမကုန်ဆုံးမီ ထုတ်ပယ်ခံရသော မာတီနက်ဇ်နေရာ သို့ အစားထိုး ၀င်ရောက်မည် ဖြစ်သည်။
အရှေ့တောင်အာရှ လူငယ်ဘော်လီဘော ပြိုင်ပွဲတွင် ခြောက်နိုင်ငံ ယှဉ်ပြိုင်မည်
နေပြည်တော်၌ ကျင်းပ မည့် (၁၉)ကြိမ်မြောက် အရှေ့ တောင်အာရှ လူငယ်ဘော်လီဘော (အမျိုးသား) ချန်ပီယံရှစ် ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ အပါအဝင် ပြိုင်ပွဲဝင်စုစုပေါင်း ခြောက် နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ်မှ သတင်းရရှိ သည်။
လာမည့်ရာသီတွင် အသုံးပြုမည့် ပရီးမီးယားလိဂ်ဘောလုံးပုံစံ အွန်လိုင်းတွင် ပေါက်ကြား
လာမည့်ရာသီ ပရီမီးယားလိဂ်တွင် အသုံးပြုမည့် ဘောလုံးပုံစံဟုယူဆရသည့် ဓါတ်ပုံမှာ အွန်လိုင်းတွင်ပေါက်ကြား ပျံ့နှံ့နေသည်။
၂၀၁၆-၁၇ ဘောလုံးရာသီတွင်အသုံးပြုဖွယ်ရှိသည့် Nike Ordem 4 ဟုအမည်ရသော ယင်းဘောလုံး၏ ပုံစံမှာ လိုဂိုအသစ်ကို အပြာ၊ အစိမ်းနှင့် ခရမ်းကွက်များ ရောစပ်ဝန်းရံထားပြီး အနက်လိုင်းကွက်များပါရှိသည့် ပုံစံဖြစ်သည်။
ယင်းဘောလုံးပုံစံနှင့်ပတ်သက်ပြီး တရားဝင်အတည်ပြုရခြင်းမရှိသေးသကဲ့သို့ ပရီးမီးယားလိဂ်အနေဖြင့် ပွဲစဉ်ဇယား ပေါက်ကြားမှုအတွက်လည်း အတည်ပြုရန် ဖိအားပေးခံခဲ့ရပြီးဖြစ်သည်။
မော်ရင်ဟိုလက်ထက် ပထမဆုံး ခေါ်ယူလိုက်သည့် ကစားသမား
ဗီလာရီးရဲလ်ကစားသမား အဲရစ်ဘေလီကို မန်ယူအသင်းက ပေါင်သန်း ၃၀ နဲ့ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီးတဲ့ နောက် မော်ရင်ဟိုလက်ထက်မှာ ပထမဆုံး ခေါ်ယူတဲ့ ကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။
ဆရီနာဝီလျံ ကမ္ဘာ့အချမ်းသာဆုံး အားကစားမယ်ဖြစ်လာ
ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သော ၂၀၁၆ ပြင်သစ်အိုးပင်းတွင် ဒုတိယဆုယူအပြီး
အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံဟာ ရှရာဗိုပါကို ကျော်ဖြတ်ကာ ကမ္ဘာ့အချမ်းသာဆုံး အားကစားမယ် ဖြစ်လာတယ်လို့ Forbes မဂ္ဂဇင်းက ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ဒီမာရီယာခြေစွမ်းပြပြီး ချီလီကို အာဂျင်တီးနား အနိုင်ယူ
မက်ဆီ မပါဝင်သော်လည်း အာဂျင်တီးနားက ဒီမာရီယာ၏ ခြေစွမ်းပြမှုနှင့်အတူ ချီလီကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပြီးခဲ့သည့်နှစ် ကိုပါအမေရိက ဖလားဗိုလ်လုပွဲ ရှုံးနိမ့်မှုအတွက် လက်စားပြန်ချေနိုင်ခဲ့သည်။
ကျောဒဏ်ရာကြောင့် မက်ဆီမပါဝင်နိုင်သော်လည်း အာဂျင်တီးနားတွင် ဒီမာရီယာခြေစွမ်း ပြခဲ့ပြီး အဖွင့်ဂိုးသွင်းယူကာ ဘန်နီကာသွင်းယူသော ဂိုးကို ဖန်တီးပေးခဲ့သည့် ချီလီအသင်းဘက်သို့ ၎င်းသွင်းယူခဲ့သောဂိုးမှာ ယင်းပွဲ မတိုင်မီ ကွယ်လွန်သွားသည့် အဘွားအတွက် ရည်ရွယ်သွင်းယူသော ဂိုးဖြစ်ကြောင်း ဒီမာရီယာက ပြောကြားသည်။
အင်တာမီလန်အသင်း၏ ရှယ်ယာ (၇၀)ရာခိုင်နှုန်းကို ယူရိုသန်း(၂၇၀)ဖြင့် ဆန်နင်းစီးပွားရေးလုပ်ငန်းစု လွှဲပြောင်း ၀ယ်ယူ
တရုတ်စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် ဆန်နင်းစီးပွားရေးလုပ်ငန်းစုသည် ဥရောပထိပ်တန်း ကလပ်အသင်းကြီးတစ်သင်းဖြစ်သည့် အင်တာမီလန်အသင်း၏ ရှယ်ယာ (၇၀)ရာခိုင်နှုန်း နီးပါးကို ယူရိုသန်း(၂၇၀) (ဒေါ်လာ ၃၀၈ သန်း)ဖြင့် လွှဲပြောင်းဝယ် ယူနိုင်ခဲ့ကြောင်း သိရှိရသည်။
ပုံပါကစားသမားသုံးဦးထဲမှ အနည်းဆုံးတစ်ဦးရောင်းထုတ်မည့် အာဆင်နယ်
အာဆင်နယ်အသင်းဟာ အသင်းရဲ့ အင်္ဂလန်စတားများဖြစ်သော နောက်ခံလူ ဂဘ်စ်နှင့် တောင်ပံကစားသမား ဖြစ်သော ဝေါ်လ်ကော့နှင့် ချန်ဘလိန်တို့ထဲမှ အနည်းဆုံး တစ်ဦးအား ရောင်းထုတ်သွားမည်ဖြစ်ပါတယ်။
အဆိုပါ ကစားသမားသုံးဦးလုံးမှာ ယခုရာသီ အာဆင်နယ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသလို ဒဏ်ရာပြသာနာများအပြင် အင်္ဂလန်အသင်း၏ ယူရိုပြိုင်ပွဲဝင် အသင်းလူစာရင်းနှင့်လည်း လွှဲချော်ခဲ့ရပါတယ်။