ဘရာဇီးလ်နောက်ခံလူ Marcelo (မာဆယ်လို)ဟာဆိုရင်တော့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် ကစားခဲ့ကြတဲ့ ဝုလ်ဖ်ဘတ်အသင်းနဲ့ ပွဲစဉ်မှာ ဝုလ်ဖ်ဘတ်တိုက်စစ်မှူး အာနိုးလ်နဲ့ အချင်းများခဲ့ပြီး မာဆယ်လိုက ဟန်ဆောင်လှဲချခဲ့တာကြောင့် ဘောလုံးအသိုင်းအဝိုင်းက အကြီးအကျယ်ဝေဖန်လျက်ရှိနေကြပါတယ်။
နပန်းစွမ်းရည်ပြခဲ့တဲ့ Rooney
မန်ယူတိုက်စစ်မှူး Wayne Rooney ဟာ ကွင်းထဲမှာ ကစားစဉ်မှာလည်း ဘယ်သူ့ကိုမှ မကြောက်ရွံ့တတ်တဲ့ ပုံစံနဲ့ ကစားတတ်ပြီး ကွင်းပြင်ပမှာလည်း ဘယ်သူ့ကိုမှ အကြောက်အလန့်မရှိဘူးဆိုတာကို
သက်သေပြခဲ့ပါတယ်။ သူဟာ WWE နပန်းပွဲကို တက်ရောက်စဉ်အချိန်မှာ သူ့ရဲ့စွမ်းရည်ကို ပြသဖို့ ဖြစ်လာခဲ့ပါတယ်။
ရီးရဲလ်တို့ ဂျာမန်မြေမှာ အရှုံးပေးခဲ့ရပြီး မန်ချက်စတာသားတို့ ပဲရစ်မှာ သရေယူနိုင်ခဲ့
မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ရဲ့ ဒုတိယနေ့ပွဲစဉ်တွေမှာတော့ မထင်မှတ်တဲ့ ရလဒ်တွေထွက်ပေါ်လာခဲ့ပြီး စပိန်ဘီလူးရီးရဲလ်တို့က ဂျာမန်မြေမှာ နှစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပီအက်စ်ဂျီက မန်စီးတီးအသင်းကို သက်တောင့်သက်သာအနိုင်ရမယ်လို့ ခန့်မှန်းထားတဲ့ ပွဲစဉ်ကတော့ နှစ်ဂိုးသရေရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။