ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်များပြီးဆုံးခဲ့ပြီး ၁၆ သင်းရှုံးထွက်အဆင့် ပွဲစဉ်များ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ၁၆ သင်းရှုံးထွက်အဆင့် ပွဲစဉ်တွေကို ဇွန်လ ၂၅၊ ၂၆၊ ၂၇ ၂၈ ရက်များမှာ ယှဉ်ပြိုင်ကစားသွားမှာပါ။ တွေ့ဆုံမှုများအနက် အီတလီနဲ့ စပိန်၊ ခရိုအေးရှားနဲ့ ပေါ်တူဂီ ပွဲစဉ်တွေမှာ အကြိတ်အနယ် ပွဲကောင်းများ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
တိုက်စစ်မှူး ဗာဒီကို လက်ဆက်စတာစီးတီးအသင်း ၄ နှစ် သက်တမ်းတိုးစာချုပ် ချုပ်
အင်္ဂလန်တိုက်စစ်မှူး ဗာဒီဟာ လက်ဆက်စတာစီးတီး အသင်းမှာ ဆက်နေဖို့ သဘောတူညီချက် ရသွားပါတယ်။
လက်ဆက်စတာစီးတီးအသင်းက အသက် ၂၉ နှစ်အရွယ် ဗာဒီကို အသင်းမှာဆက်နေဖို့ ၄ နှစ်စာချုပ် ချုပ်ဆို လိုက်ပါတယ်။
ဗာဒီဟာ သူ့ရဲ့သွင်းဂိုးတွေနဲ့ လက်ဆက်စတာကို ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီမှာ ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။
တိုက်စစ်မှူး ဂရစ်ဇ်မန်းကို အက်သလက်တီကို စာချုပ်သက်တမ်းတိုး
စပိန်လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်က တိုက်စစ်မှူး ဂရစ်ဇ်မန်းကို စာချုပ်သက်တမ်း တိုးလိုက်ပါတယ်။
စာချုပ်သစ်ကြောင့် တိုက်စစ်မှူးဟာ တီကိုမှာ ၂၀၂၁ အထိ ရှိနေမှာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ အယ်လ်ဘေးနီးယားကို အနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုး သွင်းယူ ထားပါတယ်။
ကိုလံဘီယာကို အနိုင်ရသောပွဲတွင် ချီလီအတွက် ဆန်းချက်ဇ် နိုင်ငံတကာပွဲ (၁၀၀) ပြည့်မြောက်
ကိုလံဘီယာကို ၂-၀ ဂိုး ဖြင့် အနိုင်ရပြီး ကိုပါအမေရိက ဖလားဗိုလ်လုပွဲသို့ တက်လှမ်းနိုင်သည့်ပွဲတွင် အာဆင်နယ် တိုက်စစ်မှူး ဆန်းချက်ဇ်သည် ချီလီ အသင်းအတွက် ပွဲ (၁၀၀) ပြည့် မြောက်ခဲ့ပြီဖြစ်သည်။
ချီလီဘောလုံးကြယ်ပွင့် ဆန်းချက်ဇ်သည် ၎င်းတို့အသင်း ၂ နှစ်ဆက်တိုက် ကိုပါအမေရိက ဖလားရရှိအောင် ကြိုးစားနေစဉ် ဆီမီးဖိုင်နယ်တွင် ပွဲ (၁၀၀) ပြည့် မြောက်ခဲ့သည်။
ယူရိုပွဲပြီးလျှင် လက်ရွေးစင်ကစားသမားဘ၀မှ နားမည်ဟု အီဗရာဟီမိုဗစ် ကြေညာ
ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲပြီးရင် လက်ရွေးစင် ကစားသမား ဘ၀ကနေ အနားယူတော့မှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။
အုပ်စု အီး မှာ ပါနေတဲ့ ဆွီဒင်ဟာ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံနဲ့ ယှဉ်ပြိုင်ရမှာပါ။
အခုပွဲစဉ်ဟာ ဆွီဒင်တိုက်စစ်မှူးအတွက် နောက်ဆုံးကစားတဲ့ လက်ရွေးစင်ပွဲ ဖြစ်သွားနိုင်တယ်လို့လည်း ခန့်မှန်းတာတွေ ရှိနေပါတယ်။
အိမ်ရှင်ကို ဂိုးပြတ်အနိုင်ယူပြီး အာဂျင်တီးနားအသင်း ကိုပါအမေရိက ဗိုလ်လုပွဲသို့ တက်ရောက်
အမေရိကန် ၀-၄ အာဂျင်တီးနား
ယနေ့နံနက် ယှဉ်ပြိုင်ကစားခဲ့သည့် ရာပြည့်ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အာဂျင်တီးနားအသင်းက အိမ်ရှင်အမေရိကန်အသင်းကို ဂိုးပြတ်အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။
အမေရိကန်အသင်းက ဒမ်ဆေး၊ ဇာဒက်စ်၊ ၀န်ဒိုလောစကီး၊ ဘရက်ဒ်လေတို့နှင့် အာဂျင်တီးနားအသင်းကို ရင်ဆိုင်ကစားခဲ့သော်လည်း အာဂျင်တီးနားဂိုးပေါက်ကို တစ်ကြိမ်မှ ခြိမ်းခြောက်နိုင်ခြင်းမရှိသည်အထိ ဖြစ်ခဲ့ရသည်။
ရာမို့စ်၏ ပယ်နယ်တီကို ဂိုးသမားဆူဘာဆစ် ကာကွယ်နိုင်ရန် မိုဒရစ် အကြံပေးခဲ့ကြောင်း သတင်းထွက်ပေါ်
စပိန်အသင်းနှင့် ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဒဏ်ရာကြောင့် ပါဝင် ကစားနိုင်ခြင်းမရှိဘဲ အရံခုံထိုင်နေခဲ့ရသည့် ခရိုအေးရှားကွင်းလယ်ကစားသမား မိုဒရစ်သည် စပိန်အသင်းမှ ရာမို့စ်၏ ပယ်နယ်တီကို ကာကွယ်နိုင်ရန် အကြံပေးခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။
ယင်းပွဲ၌ ပွဲချိန်မိနစ်(၇၀)ကျော်တွင် စပိန်အသင်းက ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး အသင်းခေါင်းဆောင်နောက်ခံလူရာမို့စ် ကန်သွင်းရန် ပြင်ဆင်နေချိန်၌ ခရိုအေးရှား အသင်းခေါင်းဆောင် ဆာနာက မိုဒရစ်ထံ ပြေးသွား၍ အကြံပြုချက် ရယူခဲ့ပြီး ဂိုးသမားဆူဘာဆစ်ကို ပြန်လည်ပြောပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ထောက်နည်းပြ ရိုင်ယန်ဂစ် မန်ယူအသင်းမှ ထွက်ခွာမည်
မန်ယူအသင်း၏ လက်ထောက်နည်းပြဖြစ်သူ ရိုင်ယန်ဂစ်သည် ချန်ပီယံရှစ်ကလပ် နော့တင် ဟမ်ဖောရက်အသင်း နည်းပြအဖြစ် ပြောင်းရွှေ့ တာဝန်ယူရန် လက်ရှိကလပ်မန်ယူအသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းတွင် ကစားသမားဘဝနှင့် ရော နည်းပြဘဝနှင့်ပါ ၂၉ နှစ်ကြာဖြတ်သန်း ခဲ့ပြီးဖြစ်သည့် ရိုင်ယန်ဂစ်သည် မန်ယူအသင်း မှ ထွက်ခွာရန် သဘောတူညီထားပြီးဖြစ် ကြောင်းလည်း သတင်းများက ဖော်ပြထားသည်။
အုပ်စုမှ လှည့်ပြန်ခဲ့ရ၍ ရုရှားနည်းပြ နုတ်ထွက်ခွင့်တောင်း
ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့အတွက် နုတ်ထွက်ခွင့်ပြုဖို့ ရုရှားဘောလုံးအသင်းနည်းပြ လီယိုနစ် ဆတ်စကီက တောင်းခံခဲ့ပါတယ်။
အုပ်စုဘီ နောက်ဆုံးပွဲမှာ ဝေးလ်စ်အသင်းကို ၃ ဂိုး ဂိုးမရှိ၊ အင်္ဂလန်နဲ့ ၁ ဂိုးစီသရေ၊ ဆလိုဗက်ကီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ရုရှားဟာ အုပ်စုကနေ လှည့်ပြန်ခဲ့ရတဲ့အတွက် နုတ်ထွက်ဖို့ ကမ်းလှမ်းထားတယ်လို့ သတင်းမှာ ရေးပါတယ်။
မက်ဆီသည် အတားအဆီးဖြစ်သော်လည်း အမေရိကန်ဖလားရနိုင်ဟု ကလင်းစမန်း ပြောကြား
အိမ်ရှင်အမေရိကန် အသင်း ကိုပါအမေရိကဖလားတွင် အနိုင်ရရှိရေးအိပ်မက်အတွက် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် အတားအဆီးတစ်ခု ဖြစ်နေသော်လည်း အာဂျင်တီးနားကို အနိုင်ယူကာ ရာပြည့်ဖလား ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်အသင်း နည်းပြ ဂျာဂန်ကလင်းစမန်းက ပြောသည်။
‘‘ကျွန်တော်တို့ အမေရိကန်အသင်း ကိုပါအမေရိကဖလားမရ နိုင်စရာအကြောင်းလုံးဝမရှိဘူး။ ရှုံးထွက်အဆင့်မှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဘယ်သူနဲ့ပဲ ကစား၊ ကစားနိုင်ဖို့ ရာခိုင်နှုန်းထက်ဝက် စီရှိပါတယ်’’ဟု ကလင်းစမန်းက ပြောသည်။