
မန်ချက်စတာ – ဂျူဗင်တပ်မှ မန်ယူသို့ပြောင်းရွှေ့မှု အပြီးသတ်ရန် ဆေးစစ်မှုခံယူရေး ပေါ့ဂ်ဘာကို ဂျူဗင်တပ်က ခွင့်ပြုပေးလိုက်ပြီးနောက် ပေါ့ဂ်ဘာသည် မန်ယူတွင် ဆေးစစ်မှု ခံယူတော့မည်ဖြစ်သည်။
၂၀၁၂ က ဂျူဗင်တပ်သို့ ပြောင်းရွှေ့ကြေး အနည်းငယ်ဖြင့် ရောက်ရှိသွားခဲ့သော ပေါ့ဂ်ဘာသည် မန်ယူသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပေါင် ၉၂ သန်း ဖြင့် ပြန်ရောက်လာမည်ဖြစ်ကာ ၂၀၁၃ က ဂါရတ်ဘေးလ်၏ ရီးရဲလ်သို့ ပြောင်းရွှေ့ကြေးပေါင် ၈၆ သန်းထက် ကျော်လွန်သွားမည်ဖြစ်သည်။









