ဝေးလ်စ်ကြယ်ပွင့် ဟဲရော့ဘ်ဆင်ကနူးသည် မည်သည့်အသင်းနှင့်မျှ စာချုပ်ချုပ်ဆိုထားခြင်း မရှိသော်လည်း ယူရိုပြိုင်ပွဲတွင် ထင်ရှားလာခဲ့ပြီးနောက် ကမ်းလှမ်းမှု အများအပြားရှိလာသည်ဟုပြောသည်။
ရော့ဘ်ဆင်ကနူး (၂၇) နှစ် သည် ရီဒင်းအသင်းတွင် (၁၂) နှစ်ကြာ ကစားခဲ့ပြီးနောက် ယူရို ပြိုင်ပွဲမတိုင်မီ စာချုပ်ကို သက်တမ်းကုန်ဆုံးခွင့်ပြုခဲ့သည်။ ယူရိုပြိုင်ပွဲတွင် ၎င်း၏ခြေစွမ်းမှာ အကောင်းဆုံးဖြစ်ခဲ့ပြီးနောက် ရီဒင်းနှင့် စာချုပ် အဆုံးသတ်လိုက်ခြင်းမှာ ကောင်းမွန်သော လုပ်ရပ် ဖြစ်နိုင်သည်။