ကမ္ဘာ့အဆင့်(၁) တင်းနစ်သမား ဂျိုကိုဗစ်က ယူအက်စ်အိုးပင်းပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း၊ ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်မှာ ပြင်သစ်တင်းနစ်သမား ဆွန်ဂါကို ၆-၃၊ ၆-၂ နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက် သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်(၁) တင်းနစ်သမား ဂျိုကိုဗစ်က ယူအက်စ်အိုးပင်းပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း၊ ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်မှာ ပြင်သစ်တင်းနစ်သမား ဆွန်ဂါကို ၆-၃၊ ၆-၂ နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက် သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

၁၅ ကြိမ်မြောက် အိုလံပစ် မသန်စွမ်းအားကစားပြိုင်ပွဲကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမှာ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ ၁၅ ကြိမ်မြောက် အိုလံပစ် မသန်စွမ်း အားကစားပြိုင်ပွဲကို စက်တင်ဘာ (၇) ရက် ဗုဒ္ဓဟူးနေ့ညက ရီယိုမြို့မှာ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့တာပါ။

ဘရာဇီးတိုက်စစ်မှူးနေမာသည် ဘရာဇီးက ကိုလံဘီယာကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်အပြီးတွင် ဘရာဇီးလက်ရွေးစင်အသင်း ဂန္ထ၀င် ကစား သမားများအနက်တွင် တစ်ဦးအပါအ၀င်ဖြစ်သော ဇစ်ကို၏ သွင်းဂိုးစံချိန် ကို လိုက်မီသွားခဲ့ပြီဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။


ရီးရဲလ်မက်ဒရစ်နှင့် ဂါရတ်ဘေးလ်တို့သည် တစ်ပတ်လုပ်ခယူရို ၄၁၇,၀၀၀ ဖြင့် ခြောက်နှစ်သက်တမ်းရှိ စာချုပ်သစ်ကိုသဘောတူလိုက်ကြောင်း ဗြိတိန် သတင်း ဌာနများက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။
ပြီးခဲ့သည့် ဘောလုံးရာသီများက ဂါရတ်ဘေးလ်သည် ပရီးမီးယားလိဂ်သို့ ပြန်ရောက်မည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ၎င်းသည် ရီးရဲလ်တွင် အခြေကျနေပြီဖြစ်ကာ ရီးရဲလ်က လည်း ၎င်း၏စွမ်းဆောင်ရည်ကြောင့် အလွန်ပျော်ရွှင်နေကြောင်း သိရသည်။

နွေရာသီကာလအတွင်း အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိက ဖလားကစားပြီးနောက် လူမြင်ကွင်း ပြန်ထွက်လာတဲ့ အချိန်မှာ ဆံပင်တစ်ခေါင်းလုံး ရွှေရောင် ဆိုးထားတဲ့ မက်ဆီရဲ့ဖြစ်ရပ်ဟာ ပရိသတ်တွေအတွက် ထူးဆန်းခဲ့ပါတယ်။
အခုတော့ မက်ဆီက သူဘာကြောင့် ဆံပင်တွေ အရောင်ပြောင်းပစ်လိုက်ရလဲဆိုတဲ့ အကြောင်းပြချက်ကို ပြောပြ လိုက်က်ပါပြီ။ စိတ်ထိခိုက်နာကျင်ခဲ့ရမှုတွေက ရုန်းထွက်ပြီး အသစ်က ပြန်စချင်တဲ့အတွက် ဆံပင်တွေအရောင်ဆိုးပြီး စိတ်ကိုပြုပြင်လိုက်ရတာဖြစ်တယ်လို့ မက်ဆီက ပြောလိုက်ပါတယ်။ ကိုပါအမေရိက ဗိုလ်လုပွဲမှာ ချီလီအသင်းကို ရှုံးခဲ့ပြီးတဲ့နောက် မက်ဆီက သူ့ရဲ့လက်ရွေးစင်ဘဝ ပြီးဆုံးပြီဆိုပြီး ပြောကြားခဲ့ပါတယ်။

(ဓာတ်ပုံ – အီးပီအေ)
စက်တင်ဘာလ (၁၀) ရက်၊ စနေနေ့မှာ မန်ချက်စတာ ဒါဘီပွဲစဉ်ကို ကွင်းလယ်ဒိုင်အဖြစ် ကလင်တန်ဘတ်မှ တာဝန်ယူသွားမည် ဖြစ်ကြောင်း အက်ဖ်အေက ထုတ်ပြန်ကြေငြာပါတယ်။
မော်ရင်ဟိုနဲ့ ဂွာဒီယိုလာတို့ဟာ စပိန်လာလီဂါကလပ်တွေကို ကိုင်တွယ်စဉ်က ပြိုင်ဘက်ဟောင်းတွေဖြစ်သလို အခုချိန်မှာ သူတို့နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုကို အင်္ဂလန် ပရီးမီးယားလိဂ်မှာ အသစ်တဖန် ပြန်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ကျင်းပလျက်ရှိတဲ့ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်းပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ်က ဗြိတိန်က အက်ဒ်မန့်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်လှမ်းခဲ့ပါတယ်။
ယူအက်စ်အိုးပင်းရဲ့ လက်ရှိချန်ပီယံ ဂျိုကိုဗစ်ဟာ ကမ္ဘာ့အဆင့် ၈၄ ရှိ အက်ဒ်မန့်ကို ၆ – ၂၊ ၆ – ၁၊ ၆ – ၄ နဲ့ ၃ ပွဲပြတ် အနိုင်ယူခဲ့တာပါ။

မတ်လ ၁၈ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် MMA ပြိုင်ပွဲတွင် ပြိုင်ဘက်ကစားသမားကို အနိုင်ယူပြီးနောက် အောင်လအန်ဆန် အောင်ပွဲခံနေစဉ်
(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ယုဂန္ဓာလက်ရွေးစင်ဘောလုံးအသင်းသည် ၃၈ နှစ်ကြာဝေးကွာနေခဲ့သည့် အာဖရိကဖလားဘောလုံးပြိုင်ပွဲကို ပြန်လည် ၀င်ခွင့်ရရှိခဲ့ပြီ ဖြစ်သည်။
ယုဂန္ဓာအသင်းသည် ၂၀၁၇ အာဖရိကဖလား နောက်ဆုံးအဆင့်ခြေစစ်ပွဲတွင် ဘာကီနာဖာဆို၊ ဘော့စ်ဝါနာ၊ ကိုမိုရော့စ်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ သည်။ အိမ်ကွင်းအဝေးကွင်း ၆ ပွဲ ကစားခဲ့ရာတွင် ၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲရှုံးပြီး ရမှတ် ၁၃ မှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ဘာကီနာဖာဆိုနှင့်အတူ ခြေစစ်ပွဲ အောင်ခဲ့ခြင်း ဖြစ်သည်။

(ဓာတ်ပုံ – အီးပီအေ)
၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ဘာစီလိုနာအတွက် အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ အသက်(၃၆)နှစ်အရွယ်ရှိ ရော်နယ်လ်ဒင်ဟိုဟာ အသင်းဟောင်းဆီ အသင်းသံတမန်တစ်ဦးအနေနဲ့ ပြန်လည် ရောက်ရှိလာပါတယ်။
ဘာစီလိုနာဟာ စက်တင်ဘာလ ၆ ရက်နေ့မှာ နိုင်ငံတကာမှာ အသင်း တိုးတက်မြှင့်တင်ဖို့ နယူးယောက်တွင် ဖွင့်လှစ်မယ့် အသင်းရုံးခွဲသစ်အတွက် ရော်နယ်လ်ဒင်ဟိုကို သံတမန်တစ်ဦးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။