နာမည်ကြီး တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ဆံပင်ပုံကို ရွှေရောင်ဆံပင်အဖြစ် ဒီဇိုင်းပြောင်းလဲ လိုက်ပါတယ်။
ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ အသင်းနဲ့အတူ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်အဖြစ်နဲ့ အင်္ဂလန်နိုင်ငံကို ရောက်ရှိနေပါတယ်။
မက်ဆီဟာ အသင်းဖော် ဥရုဂွေး တိုက်စစ်မှူး ဆွာရက်နဲ့အတူ လေ့ကျင့်ရေး ဆင်းနေပါတယ်။