ဂျုဗင်တပ်စ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ်ပေါ့ပ်ဘာဟာ မန်ချက်စတာယူ နိုက်တက်အသင်းနဲ့ ဆေးစစ်မှု အောင်မြင်ပြီးနောက် ကမ္ဘာ့စံချိန်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀နဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အသက် ၂၃နှစ် အရွယ် ရှိတဲ့ ပေါ့ပ်ဘာဟာ ၂၀၁၂ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းကနေ ပေါင် ၈သိန်းနဲ့ ထွက်ခွာခဲ့ပြီး အခုအခါ အသင်းဟောင်းကိုပြန်လည်ပြောင်းရွှေ့ပြီး ၅နှစ်စာချုပ် ချုပ်ဆိုခဲ့ပါ တယ်။
နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအိုလံပစ် ဆုတံဆိပ်ကို ဖိလစ်ပိုင်ဆွတ်ခူး
၂၀၁၆ အိုလံပစ်အားက စားပြိုင်ပွဲ အမျိုးသမီးအလေးမ ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံသူ ဟီဒီလင်ဒိုက်ဇ်က ငွေတံဆိပ်ဆု ရရှိခဲ့ ပြီး ယင်းမှာ နှစ်ပေါင်း (၂၀) အတွင်း ဖိလစ်ပိုင်နိုင်ငံအတွက် ပထမဆုံး အိုလံပစ် ဆုတံဆိပ်ဖြစ်သည်။
အရပ် ၁ ဒသမ ၅၄ မီတာ မြင့်သော ဒိုက်ဇ်သည် ၂၀၀၈ နှင့်၂၀၁၂ အိုလံပစ်ပွဲများတွင် ဆုမရဖြစ်ခဲ့ပြီးနောက် ယခုပြိုင်ပွဲတွင်လည်း ဆုတံဆိပ်ရနိုင်ခြေမရှိဟု ဖိလစ်ပိုင်အားကစားလေ့လာသူများက မျှော်လင့်ထားကြသည်။
မိုက်ကယ်ဖဲ့လ် ၁၉ ခုမြောက် အိုလံပစ်ရွှေတံဆိပ်ဆွတ်ခူး
ဘရာဇီးနိုင်ငံတွင် ကျင်းပနေသော အိုလံပစ်အားကစားပွဲတော် ရေကူးပြိုင်ပွဲ၌ အမေရိကန်အမျိုးသားအသင်းက မီတာ ၄၀၀ အသင်းလိုက် အလွတ်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့ပြီး ယင်း၌ ဒုတိယအကျော့ကူးခပ်ခဲ့သည့် မိုက်ကယ်ဖဲ့လ်က ၎င်း၏ ၁၉ ခုမြောက် အိုလံပစ်ရွှေ တံဆိပ်ဆု ရယူသွားခဲ့သည်။
အာဂျင်တီနားနည်းပြသစ်က မက်ဆီကို လက်ရွေးစင်အသင်းတွင် ပြန်ကစားစေလို
အာဂျင်တီးနား နည်းပြသစ် အက်ဂါဒို ဘူဇာက တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို လက်ရွေးစင်အသင်းမှာ ပြန်ကစားဖို့ အလိုရှိနေပါတယ်။
တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ ဇွန်လက ကိုပါဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်လို့ ရှုံးနိမ့်ပြီး နောက်ပိုင်းမှာ လက်ရွေးစင်အသင်းကနေ အနားယူသွားခဲ့ပါတယ်။
နည်းပြ ဘူဇာကတော့ မက်ဆီနဲ့ စကားပြောဆိုဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
အီဘရာဟီမိုဗစ်ရဲ့ ခေါင်းတိုက်အနိုင်ဂိုးနဲ့ မန်ယူအသင်း ကွန်မြူနတီဒိုင်း ဆွတ်ခူး
(ဓာတ်ပုံ – အီးပီအေ)
မန်ချက်စတာယူနိုက်တက် ၂-၁ လက်စတာစီးတီး
လင်ဂတ် – ၃၂မိနစ်၊ အီဘရာဟီမိုဗစ် – ၈၃မိနစ် | ဗာဒီ – ၅၂မိနစ်
ပေါ့ဂ်ဘာ မန်ယူတွင် ဆေးစစ်မှုခံယူ
မန်ချက်စတာ – ဂျူဗင်တပ်မှ မန်ယူသို့ပြောင်းရွှေ့မှု အပြီးသတ်ရန် ဆေးစစ်မှုခံယူရေး ပေါ့ဂ်ဘာကို ဂျူဗင်တပ်က ခွင့်ပြုပေးလိုက်ပြီးနောက် ပေါ့ဂ်ဘာသည် မန်ယူတွင် ဆေးစစ်မှု ခံယူတော့မည်ဖြစ်သည်။
၂၀၁၂ က ဂျူဗင်တပ်သို့ ပြောင်းရွှေ့ကြေး အနည်းငယ်ဖြင့် ရောက်ရှိသွားခဲ့သော ပေါ့ဂ်ဘာသည် မန်ယူသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပေါင် ၉၂ သန်း ဖြင့် ပြန်ရောက်လာမည်ဖြစ်ကာ ၂၀၁၃ က ဂါရတ်ဘေးလ်၏ ရီးရဲလ်သို့ ပြောင်းရွှေ့ကြေးပေါင် ၈၆ သန်းထက် ကျော်လွန်သွားမည်ဖြစ်သည်။
အိုင်စီစီဖလားပြိုင်ပွဲတွင် ပီအက်စ်ဂျီအသင်း ဗိုလ်စွဲ
လာလီဂါချန်ပီယံ ဘာစီ လိုနာအသင်းက လီဗာပူးကို ဂိုး ပြတ်ရှုံးနိမ့်ပြီးနောက် အမေရိ ကန်နှင့် ဥရောပ၏ နိုင်ငံတကာ ချန်ပီယံကလပ်များဖလား (ICC) ကို ပြင်သစ်လီဂူးဝမ်းချန်ပီယံ ပီ အက်စ်ဂျီအသင်းက ရရှိခဲ့သည်။
နည်းပြ အမ်မရီ၏ ပီအက်စ် ဂျီအသင်းသည် အင်တာ၊ ရီးရဲလ် နှင့် လက်စတာအသင်းသုံးသင်း စလုံးကို အနိုင်ရပြီး သွင်းဂိုးစုစု ပေါင်း ၁၀ ဂိုးရှိကာ နှစ်ဂိုးတည်းသာ ခွင့်ပြုခဲ့ရသည်။
ဆီဗီလာတိုက်စစ်မှူး လိုရန်သီကို ခေါ်ယူရန် ဆွမ်ဆီးအသင်း သဘောတူညီမှု ရရှိ
သြဂုတ် ၅၊ အင်္ဂလန်
ဆွမ်ဆီးအသင်းသည် ဆီဗီလာအသင်းမှ အသက် ၃၁ နှစ်အရွယ်ရှိ စပိန်တိုက်စစ်မှူး လိုရန်သီကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။
ဆီဗီလာအသင်းနှင့် စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးသည့် လိုရန်သီကို ဆွမ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၅ သန်းဖြင့် ခေါ်ယူမည်ဟု သတင်းများက ဖော်ပြထားသည်။
ဂိုးသမား ဆက်ဇီနီ ရိုးမားအသင်းသို့ ဒုတိယအကြိမ် အငှားဖြင့် ပြန်လည် ရောက်ရှိ
သြဂုတ်လ ၄ ရက်နေ့က အီတလီနိုင်ငံ၊ ရောမမြို့ရှိ လေဆိပ်သို့ ဂိုးသမား ဆက်ဇီနီ ရောက်ရှိလာစဉ်။ (ဓာတ်ပုံ – အီးပီအေ)
ဂိုးသမား ဆက်ဇီနီဟာ အာဆင်နယ်အသင်းမှ ရိုးမားသို့ နောက်ထပ် တစ်ရာသီ အငှားဖြင့် ပြောင်းရွှေ့မှု ပြီးမြောက်ခဲ့ကြောင်း နှစ်ဖက်ကလပ်အသင်းတွေက အတည်ပြုခဲ့ပါတယ်။
ရီးယဲလ်အသင်းနှင့် စီရော်နယ်လ်ဒို ၂၀၂၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေ
ရီးယဲလ်အသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ၂၀၂၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။
စီရော်နယ်လ်ဒိုသည် အသက်(၃၁)နှစ်ရှိပြီဖြစ်သော်လည်း အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ဆဲဖြစ်သည့်အပြင် ထင်ပေါ်ကျော်ကြားမှုတွင်လည်း ထိပ်တန်းအဆင့်တွင် ရှိနေသည့်အတွက် ခေါ်ယူလိုသည့်အသင်းများစွာ ရှိနေသည်။
ထို့ကြောင့် ရီးယဲလ်အသင်းက စာချုပ်သက်တမ်းတိုးမြှင့်ကာ အသင်းတွင် ဆက်ထိန်းထားရန် ရည်ရွယ်နေခြင်းဖြစ်ပြီး စီရော်နယ်လ်ဒိုကလည်း စပိန်မြေတွင် ဆက်လက်ဖြတ်သန်းရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။