မန်စီးတီး နောက်ခံကစားသမား ဇာဘလက်တာသည် လက်ရှိဘောလုံးရာသီ ပြီးဆုံးချိန်တွင် မန်စီးတီးနှင့် လမ်းခွဲတော့မည်ဖြစ်ကာ လာမည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ဖွင့်လှစ်ချိန်တွင် ၎င်းအနေနှင့် ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့မည် ဖြစ်ကြောင်း ဇာဘလက်တာကိုယ်တိုင်က အတည်ပြုသွားခဲ့ပြီ ဖြစ်သည်ဟု The Sun က ဖော်ပြထားသည်။













