ဘောလုံးလေ့လာသုံးသပ်ရေးအဖွဲ့အစည်းတစ်ခုရဲ့ ဖော်ပြချက်တွေအရ ဥရောပထိပ်တန်းလိဂ်(၅)ခုက အသင်းတွေထဲမှာ မိုနာကိုအသင်းက နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကနေ အမြတ်အများဆုံးရတဲ့ အသင်းဖြစ်နေပါတယ်။


ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ အကြိုဗိုလ်လုပွဲအဆင့်အထိရောက်ခဲ့တဲ့ မိုနာကိုအသင်းဟာ ကစားသမား အရောင်းအ၀ယ်ကနေ ယူရို(၂၈၉)သန်းအထိ အမြတ်ရခဲ့ပါတယ်။ မန်ဒီ၊ ဘာကာယိုကို၊ ဘာပေးစတဲ့ ကစားသမား အပါအ၀င် ကစားသမားအရောင်းကနေ စုစုပေါင်း ယူရို (၃၉၄)သန်းရခဲ့ပြီး ကစားသမားသစ် ပြန်ဝယ်ရာမှာ ယူရို(၁၀၅)သန်းပဲပြန်သုံးခဲ့ပါတယ်။ တကယ်လို့ ဈေးကွက်ပိတ်ရက်က တောင်ပံကစားသမား လီမာကို ယူရိုသန်း(၁၀၀)နဲ့ အာဆင်နယ်ကို ရောင်းဖြစ်ခဲ့ရင် ဒီထက်မက ပိုမြတ်ဦးမှာပါ။









