ဓာတ်ပုံ-MFF
ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် ကျင်းပမည့် အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်နှင့် မြန်မာအသင်းများ ခြေစမ်းပွဲအတွက် လက်မှတ်များ ကြိုတင်ရောင်းချမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြော သည်။
ဓာတ်ပုံ-MFF
ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် ကျင်းပမည့် အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်နှင့် မြန်မာအသင်းများ ခြေစမ်းပွဲအတွက် လက်မှတ်များ ကြိုတင်ရောင်းချမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြော သည်။
တိုယိုတာထိုင်းလိဂ်ပွဲစဉ် တွေကို ယမန်နေ့က ဆက်လက် ကစားသွားခဲ့ရာမှာ အောင်သူ ပါဝင်နေတဲ့ Police Tero က ပတ္တယား ယူနိုက်တက်အသင်းကို ၃-၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာ အိမ်ရှင် Police Tero အသင်းက ဦးဆောင်ဂိုးသွင်းယူ နိင်ခဲ့ပေမယ့် ပတ္တယား အသင်း က ၂ဂိုးသွင်းယူခဲ့လို့ နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ရုရှားနိုင်ငံ၏ မြို့တော် မော်စကိုမြို့တွင် အရက်သေစာရောင်းချခြင်းမပြုရန် အာဏာပိုင်များက ပိတ်ပင်တားမြစ်မှုပြုလုပ် ထားသည်ဟု ဆိုသည်။
အရက်သေစာဝယ်ယူလိုသူများအနေဖြင့် ဘောလုံးကွင်းများနှင့် သတ်မှတ်ထားသည့် ပရိသတ်စုဝေးရာဇုန်များတွင် သာ ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
မန်ယူနည်းပြမော်ရင်ညိုက အနာဂတ်တွင် အာစင်ဝင်းဂါးနှင့် မိတ်ဆွေဖြစ်နိုင်သည်ဟု ဆိုလိုက်သည်။ မော်ရင်ညိုနှင့် အာစင်ဝင်းဂါးတို့မှာ ပရီးမီးယားလိဂ်တွင် ပြင်းထန်သည့်ပြိုင်ဆိုင်မှုများနှင့် ကြီးမားသည့် ရန်သူများအဖြစ် မကြာခဏထိပ်တိုက်တွေ့ဆုံခဲ့သည့်သမိုင်းများ ရှိခဲ့ကြသည်။
ပေါင်သန်း ၂၀၀ ပေးရင်တောင် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး မိုဟာမက်ဆာလက်ကို ခေါ်ယူနိုင်ဖို့ မသေချာဘူးလို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားမှုကို လီဗာပူးအသင်းက တုံ့ပြန်လိုက်ပါတယ်။
လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ၄၃ ဂိုးထိ သွင်းယူထားတဲ့ ဆာလက်ကို အန်ဖီးလ်ရဲ့ အမှတ်သင်္ကေတ တခုအဖြစ် သတ်မှတ်နေကြပြီး ကမ္ဘာ့ဘောလုံးလောကမှာ အတောက်ပဆုံး ကြယ်ပွင့်အဖြစ် ချီးကျူးနေကြပါတယ်။
ယူ-၂၁ ဘရူနိုင်းဘုရင့်ဖလား ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မြန်မာနှင့် ထိုင်းအသင်းယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − FA Thailand)
ဘရူနိုင်းဘုရင့်ဖလား ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာယူ-၂၁အသင်း အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ပါက ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ရန် ကြိုးပမ်းနေကြောင်း ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက် က ပြောသည်။
ဂျူဗင်တပ်အသင်းဂိုးသမား ဘူဖွန်က ရီးရဲလ်ကို ၃-၁ နဲ့ရှုံးခဲ့တဲ့ပွဲမှာ နောက်ကျပင်နယ်တီပေးခဲ့တဲ့ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာရဲ့ဆုံးဖြတ်ချက်ကို အပြင်းအထန်ဝေဖန်လိုက်ပြီး တိရိစ္ဆာန် တစ်ကောင်လိုပြုမူခဲ့တယ်လို့ ပြေလိုက်ပါတယ်။
အင်္ဂလိပ်ဒိုင်လူကြီးဖြစ်တဲ့ အိုလီဗာဟာ နာကျင်အချိန်ပိုမှာ ဗက်ဇ်ကွက်ကို ဘင်နာတီယာက ဖျက်တာကြမ်းလို့ဆိုပြီး ပင်နယ်တီပေးခဲ့လို့ အငြင်းပွားဖွယ်ဖြစ်ခဲ့တာပါ။ ဒီအချန်မှာဂျူဗင်တပ်က ၃ ဂိုးပြတ်နိုင်နေလို့ ပထမအကျော့ ရလဒ်အတိုင်း ဖြစ်ခဲ့သေးတာကြောင့် အချိန်ပိုဆက်ကစားရမယ်လို့ ထင်ခဲ့ကြသေးတာပါ။ ဒါကြောင့် အသက် ၄၀ ရှိပြီဖြစ်တဲ့ ဘူဖွန်ဟာလည်း ဒေါသထွက်ပြီး အိုလီဗာကို ကိုယ်ထိလက်ရောက် ပြုမူခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါ သေးတယ်။
နာမည်ကြီး လက်ဝှေ့အကျော်အမော် မေဝဲသာဟာ ယူအက်ဖ်စီ နာမည်ကျော် ကော်နာမက်ဂရီဂေါ်နဲ့ သံဆန်ခါပတ်လည်ကွင်းမှာ ထပ်မံထိုးသတ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
ထိုးသတ်ကြေး အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိတဲ့ ပွဲအတွက် မေဝဲသာဟာ ကြိုတင်လေ့ကျင့်နေသလို ထိုးသတ်ဖြစ်ဖို့လည်း အတည်ပြုထားခဲ့ပါတယ်။
ပထမတကြိမ် လက်ဝှေ့ကြိုးဝိုင်းမှာ ရှုံးနိမ့်ထားခဲ့တဲ့ မက်ဂရီဂေါ်ဟာ သံဆန်ခါထိုးသတ်ကွင်းထဲမှာတော့ အနိုင်ပြန်ရဖို့ စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။
ရိုးမားကို အံ့အားသင့်ရလောက်အောင် ရှုံးခဲ့ရတဲ့ပွဲအတွက် ဘာစီလိုနာအသင်းဥက္ကဌ ဘာတိုမြူက သူ့အသင်း ပရိသတ်တွေကို တောင်းပန်လိုက်ပါတယ်။
ဘာစီလိုနာအသင်းဟာ ပထမအကျော့က နူးကမ့်ကွင်းမှာ ရိုးမားကို (၄-၁)နဲ့ ဂိုးပြတ်နဲ့ နိုင်ခဲ့ပေမယ့် ဒုတိယ အကျော့မှာ (၃-၀)နဲ့ ရှုံးခဲ့တာကြောင့် အဝေးဂိုးစည်းမျဥ်းအရ ကွာတားဖိုင်နယ်ကနေပဲ ထွက်လိုက်ရပါတယ်။
ဒီရလဒ်ကြောင့် နည်းပြ ဗယ်ဗာဒီရဲ့ အနာဂတ်ကလည်း လာမယ့်ရာသီအထိ ဘာစီလိုနာမှာ ဆက်ရှိဖို့ မသေချာတော့ဘူးလို့ သတင်းထွက်လာပါတယ်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် နည်းပြချုပ်အပြင် လက်ထောက်နည်းပြ၊ ကြံ့ခိုင်ရေးနည်းပြ၊ ဂိုးနည်းပြတို့ ပါဝင်မည့် ပြည်ပနည်းပြ အဖွဲ့လိုက်ခန့်အပ်ရန် စီစဉ်ထားကြောင်း ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။
လက်ရှိတွင် မြန်မာ့လက်ရွေး စင်အသင်း နည်းပြချုပ်ရာထူးအတွက် ဂျာမနီ၊ ဘရာဇီး၊ ဆားဘီးယား၊ မွန်တီနီဂရိုး၊ မက်ဆီဒိုးနီးယားနိုင်ငံမှ နည်းပြ ၃၀ ခန့် လျှောက်ထားကြောင်း ၎င်းက ဆိုသည်။