
မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းရဲ့ အဓိကတိုက်စစ်မှူး အဂွေရိုမှာ အကောင်းဆုံးပုံစံရရှိနေကြောင်း ဟက်ဒါဖီးလ်နဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ အဂွေရို ဟာ ဟက်ဒါဖီးလ်နဲ့ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီ ဟက်ထရစ် ၂၀၁၈-၁၉ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ကစားသမားတွေရဲ့ ပထမဆုံး ဟက်ထရစ်လည်း ဖြစ်ခဲ့ပါတယ်။









