တူရကီလိဂ် တစ်နှစ်တာအကောင်းဆုံးနောက်ခံလူဆုကို ဘက်ဆီးတပ်စ်မှ ရီးရဲလ်အသင်းသားဟောင်း ပေါ်တူဂီ လက်ရွေးစင် ပီပီရရှိခဲ့သည်။ တူရကီစူပါလိဂ်၏ ပြီးခဲ့သည့်နှစ် အကောင်းဆုံးကစားသမားများကို ပြည်သူနှင့် ကျွမ်းကျင်သူများက ရွေးချယ်ခဲ့ပြီး ဆုရကစားသမားများအား စက်တင် ဘာ ၁၂ ရက် ညကဆုချီးမြှင့်ခဲ့သည်။
တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဂါလာတာစာရေးတိုက်စစ်မှူးဟောင်း ဂိုမစ်က ရရှိပြီး တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ဂါလာတာစာရေး နည်းပြ ဖာတစ်တီရင်ရရှိသည်။