
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် အာဖရိကအကောင်းဆုံးကစားသမားဆုကို လီဗာပူးနဲ့ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး မိုဟာမက်ဆာလာက ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အာဖရိက အကောင်းဆုံး ဆုကိုရရှိခဲ့တဲ့ ဆာလာဟာ ၂ နှစ်ဆက်တိုက်အဖြစ် အောင်ပွဲခံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။









