အသက်အရွယ်သည် ကိန်းဂဏန်းသာဖြစ်ကြောင်း သက်သေပြမည်ဟု ပက်ကွီအိုပြောကြား

စနေနေ့တွင် လာ့စ်ဗီးဂတ်စ်မြို့၌ အမေရိကန် လက်ဝှေ့သမား အက်ဒရီယန်ဘရို နာနှင့် ထိုးသတ်ချိန်တွင် မိမိ၏ အသက် (၄၀) သည်ကိန်းဂဏန်း တစ်ခုသာဖြစ်ကြောင်း သက်သေ ပြသွားမည်ဟု ဖိလစ်ပိုင်လက်ဝှေ့ ကျော် မန်နီပက်ကွီအိုက ပြော သည်။

ဖိလစ်ပိုင်လက်ဝှေ့ကျော်သည် ယခင် ကမ္ဘာ့ဝိတ်တန်းလေးခု ချန်ပီယံဘရိုနာနှင့် ယှဉ်ပြိုင်ချိန်တွင်  WBA ချန်ပီယံဘွဲ့ကို ကာကွယ်မည်ဖြစ်သည်။

ရော်နယ်ဒိုနဲ့အတူတူ အောင်ပွဲခံခဲ့တဲ့ လက်ဝှေ့ကျော် မေ၀ယ်လ်သာ

အမေရိကန်လက်ဝှေ့ကျော်အားကစားသမား ဖလွိုက်မေ၀ယ်သာဟာ အီတလီစူပါဖလား ရရှိခဲ့တဲ့ ဂျူဗင်တပ်စ် အသင်းသားတွေနဲ့ အတူတကွ အောင်ပွဲခံသွားခဲ့တယ်လို့ စပိန်နာမည်ကျော် သတင်းစာ AS က ဖော်ပြသွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ အ၀တ်လဲခန်းအတွင်းမှာ မေ၀ယ်လ်သာက ဂျူဗီကစားသမားအများအပြားနဲ့အတူတူ ဓာတ်ပုံတွဲရိုက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

အနိုင်ဂိုးသွင်းကာ ဂျူဗင်တပ်စ်နဲ့အတူ ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုရဲ့ သွင်းဂိုးက ဂျူဗင်တပ်စ်ကို အီတလီစူပါဖလား (၇)ကြိမ်ဆက်တိုက် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ရော်နယ်ဒိုအတွက်လည်း ပထမဆုံးဆုဖလားကို ဂျူဗီနဲ့အတူ ရရှိခဲ့ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံမှာ သွားရောက်ကစားခဲ့တဲ့ အီတလီစူပါဖလားဗိုလ်လုပွဲမှာ ဂျူဗင်တပ်စ်အသင်းဟာ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အေစီမီလန်ကို အနိုင်ရရှိခဲ့ပြီး ဆုဖလား ဆွတ်ခူး သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂျူဗီက ပြည်တွင်းဖလား (၂)လုံး ရရှိခဲ့တာဖြစ်လို့ ကိုပါအီတာလီယာဖလားပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ အေစီမီလန်နဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာ ယူ-၂၂ နှင့် ယူ-၁ အမျိုးသားအသင်းများ နည်းပြအပြောင်းအလဲ ပြုလုပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ဟာမကြာသေးခင်ကမှ လမ်းခွဲလိုက်တဲ့ မြန်မာယူ-၂၂အသင်း နည်းပြ ဦးကြည်လွင်ရဲ့နေရာမှာ ဘူလ်ဂေးရီးယားနည်းပြ ပိုပေါ့နဲ့အစားထိုးခန့်အပ်လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးGoal Hotelမှာကျင်းပတဲ့ အနာဂတ်(၄)နှစ်စီမံကိန်းသတင်းစာ ရှင်းလင်းပွဲမှာ ဦးကြည်လွင်နဲ့ စာချုပ်ဖျက်သိမ်းရတဲ့ အကြောင်းအရင်းကိုလည်း ရှင်းလင်းခဲ့ပြီး လိုင်စင်အခက်အခဲ ကြောင့်လို့ Deputy General Secretary ဦးတင်မြင့်အောင်က ပြောပါတယ်။

ဂျိုကိုဗစ်၊ နာဒယ်နှင့် မိမိတို့သည် ဂရင်းဆလမ်းတွင် ရေပန်းစားဆဲဟု ဖက်ဒဲရာ ပြောကြား

ဂျိုကိုဗစ်၊ နာဒယ်နှင့် မိမိတို့သည် တင်းနစ်အားကစားနည်း၏ အကြီးမားဆုံးဆုများကို ရရှိရန် ရေပန်းစားသူများ ဖြစ်နေဆဲဟု ဆွစ်ဇာလန်တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒဲရာက ပြောကြားသည်။

သြစတြေးလျ အိုးပင်းတင်း နစ်ပြိုင်ပွဲတွင် နိုင်ခြေအဆင့် ထိပ်ဆုံးသုံးနေရာ ရယူထားသော ၎င်းကစား သမားများသည် ယမန်နှစ် က ဂရင်းဆလမ်းဖလားလေးလုံးကို ၎င်းတို့ကြားမှာပင် သိမ်းပိုက်ထားသည်။

နှစ်ဖက်သဘောတူညီမှုနဲ့ ဟက်ဒါဖီးလ်အသင်းကနေ နည်းပြဒေးဗစ်ဝက်ဂ်နာ ထွက်ခွာ

နည်းပြဒေးဗစ်ဝက်ဂ်နာဟာ နှစ်ဖက်သဘောတူညီမှုနဲ့ ဟက်ဒါဖီးလ်အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ အသက်(၄၇)နှစ်အရွယ် ဂျာမန်လူမျိုးနည်းပြဟာ ၂၀၁၅၊ နိုဝင်ဘာလမှာ ဟက်ဒါဖီးလ်အသင်း ကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၆-၁၇ ရာသီမှာ ချန်ပီယံရှစ် play-offs ကနေ တဆင့် ပရီးမီးယားလိဂ်ကို တက်တက်နိုင်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီကလည်း တန်းဆင်းရမယ့်အသင်းတွေထဲမှာ ရေပန်းစားခဲ့ပေမယ့် နည်းပြ၀က်ဂ်နာဟာ ဟက်ဒါဖီးလ် ကို အဆင့်(၁၆)နေရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် မန်ယူ ကစားသမားသစ် ခေါ်ယူတော့မည်မဟုတ်

မန်ချက်စတာယူနိုက်တက်အသင်း အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက် အစောပိုင်းမှာ ကစားသမား သစ်တွေ ခေါ်ယူဖို့ သတင်းထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ အထမြောက်နိုင်ဖို့ မရှိတော့ဘူးလို့ သိရပါတယ်။

ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာ ကစားသမားသစ် ခေါ်ယူတော့မှာ မဟုတ်ဘဲ ရာသီအကုန် အမြဲတမ်းနည်းပြသစ် ခန့်အပ်ပြီးမှသာ ခေါ်ယူတော့မယ်လို့ သိရပါတယ်။

ထိုင်းအသင်းနည်းပြသစ်က အာစင်ဝင်းဂါး ဖြစ်လာတော့မှာလား?

ထိုင်းလက်ရွေးစင်အသင်းရဲ့ နည်းပြဆိုတဲ့ စာသားကို Google မှာ ရိုက်ထည့်ရှာဖွေတဲ့အခါ ထင်မှတ်မထားတဲ့ ရှာဖွေ တွေ့ရှိမှုတွေ ရှိလာခဲ့ပါတယ်။ အဲဒါကတော့ အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါးရဲ့ နာမည် ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ရှာဖွေခဲ့တဲ့အခါမှာ ထိုင်းအသင်းနဲ့ အာစင်ဝင်းဂါးတို့ဟာ (၂)နှစ်စာချုပ် ချုပ်ဆိုထားတယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

လာလီဂါသွင်းဂိုး (၄၀၀)ပြည့် ပထမဆုံးကစားသမားဖြစ်လာတဲ့ မက်ဆီ

မက်ဆီအတွက်တော့ စပိန်လာလီဂါကစားသမားဘ၀ကို တစ်ပွဲကို သွင်းဂိုး ၀.၉၂ဂိုးနှုန်း သွင်းယူနိုင်ခဲ့တာလည်း ဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရှိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီဟာ စပိန်လာလီဂါမှာ သွင်းဂိုး (၄၀၀) ပြည့်မြောက်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တယ်လို့ Goal.com ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အီဘာအသင်းနဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့ပြီးနောက် မက်ဆီရဲ့ လာလီဂါသွင်းဂိုးဟာ (၄၀၀)အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။