၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီ

FourFourTwo ၀က်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ ချီလီအသင်းဟာ ဧည့်သည်အသင်းအဖြစ် ဖိတ်ကြားထားခဲ့တဲ့ ဂျပန်နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲအတွက် အုပ်စုပွဲစဉ်တွေကို ရေးဆွဲခဲ့ပြီး ဖြစ်ရာ နာမည်ကြီး ဘရာဇီးလ်အသင်းနဲ့ အာဂျင်တီးနားအသင်းတိ့ဟာ လက်ရှိချန်ပီယံ ချီလီအသင်းကို ရှောင်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဝင်ငွေအများဆုံးအသင်းအဖြစ် ရီးရဲလ် နံပါတ် ၁ နေရာ ရပ်တည်

စာရင်းအင်းနဲ့ အချက်အလက် ကုမ္ပဏီတခုဖြစ်တဲ့ Deloitte က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် ဝင်ငွေအများဆုံးအသင်း စာရင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းက မန်ချက်စတာယူနိုက်တက်ကို ကျော်ဖြတ်ပြီး နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် အဆင့်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့မှုနဲ့အတူ စပွန်ဆာ စာချုပ်တွေကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက စုစုပေါင်းဝင်ငွေ ပေါင် ၆၆၅ သန်းနဲ့ အဆင့်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂရိလူငယ်တီဆစ်စီပက်စ်ကို သုံးပွဲပြတ်အနိုင်ယူပြီး နာဒယ် သြစတြေးလျအိုးပင်း ဗိုလ်လုပွဲသို့တက်ရောက်

ကမ္ဘာ့အဆင့်(၃)ဖက် ဒဲလ်ရာကို အနိုင်ယူပြီးကွာတားတွင် စပိန်တင်းနစ်သမားဘော် တစ်စတာအဂူကို ကျော်ဖြတ်လာသည့် ဂရိလူငယ်ကြယ်ပွင့်တီ ဆစ်စီပက်စ်ကို ကမ္ဘာ့အဆင့်(၂) တင်းနစ်သမားရာဖေးလ်နာဒယ် က ၆-၂၊ ၆-၄၊ ၆-၀ ဖြင့်နိုင်ကာ ဩစတြေးလျအိုးပင်းဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

နာဒယ်သည် ယနေ့ညနေ ၃  နာရီတွင်ရင်ဆိုင်မည့် ဂျိုကိုဗစ်နှင့် ပေါ်အီလီတို့ပွဲ၌အနိုင်ရသူနှင့် ဇန်န၀ါရီ ၂၇ ရက်တွင် ဗိုလ်လုမည် ဖြစ်သည်။

ဟီဂွာအင်ကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ချဲလ်ဆီး ခေါ်ယူ

ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဟီဂွာအင်ကို ရာသီဝက်အငှားစာချုပ်နဲ့တရားဝင်ခေါ်ခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီကအေစီမီလန်ကို အငှားစာချုပ်နဲ့သွားကစားတဲ့ ဟီဂွာအင်ဟာ အရင်တစ်ပတ်လောက်ကတည်းက ချဲလ်ဆီးကို ပြောင်းကစားမယ်လို့ သတင်းထွက်ခဲ့သူပါ။

သြစတြေးလျအိုးပင်း ဆီမီးဖိုင်နယ်တွင် ဂျိုကိုဗစ်နှင့် ပေါ်အီလီ၊ နာဒယ်နှင့် တီဆစ်စီပက်စ်တို့ ရင်ဆိုင်တွေ့

သြစတြေးလျအိုးပင်း ဆီမီးဖိုင်နယ်တွင် ချန်ပီယံခြောက်ကြိမ်ဖြစ်ဖူးသူ ဂျိုကိုဗစ်သည် ဆီမီးဖိုင်နယ်သို့ ပထမဆုံး တက်ရောက်လာသူ လူးကပ်စ်ပေါ်အီလီနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ ကမ္ဘာ့အဆင့် (၂) တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်က ဂရိလူငယ်ကြယ်ပွင့် တီဆစ်စီ ပက်စ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဆားဘီးယားတင်းနစ်  အကျော်အမော် ဂျိုကိုဗစ် (၃၁) နှစ်သည် ဂျပန်မှ နီရှိကိုရီကို ၆-၁၊ ၄-၁ ဖြင့် ဦးဆောင်ထားစဉ် နီရှီကိုရီ ဒဏ်ရာကြောင့် အနားယူခဲ့ရမှုနှင့်အတူ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။

ဆဲလ်ဖို့ဒ်အသင်း ရှယ်ယာ ဝယ်ယူပြီး ၉၂ မျိုးဆက်တွေနဲ့ ပြန်ပေါင်းစည်းခဲ့တဲ့ ဘက်ခမ်း

ဒေးဗစ်ဘက်ခမ်းဟာ National League ကလပ် ဆဲလ်ဖို့ဒ်စီးတီးအသင်းရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဝယ်ယူပြီး မန်ယူအသင်းရဲ့ ၉၂ မျိုးဆက် အသင်းဖော်ဟောင်းတွေနဲ့အတူ တစ်ကျော့ပြန် ပေါင်းစည်းခဲ့ပါတယ်။ အဲဒီအတွက် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ နဗီးလ်ညီနောင်(ဂယ်ရီနဗီးလ်၊ ဖီးနဗီးလ်)၊ ပေါစခိုးလ်၊ ရိုင်ယန်ဂစ်၊ နစ်ကီဘတ်တို့နဲ့အတူ ပူးတွဲအသင်းပိုင်ရှင် ဖြစ်လာခဲ့ပါပြီ။

ဂျာမန်ကလပ် ဝါဒါဘရီမင်က ရန်ကုန်ယူနိုက်တက်နှင့် မိတ်ဖက်ပြုလုပ်ရန် ကမ်းလှမ်း

၂၀၁၉ မြန်မာလိဂ်ပြိုင်ပွဲဝင် ရန်ကုန်ယူနိုက်တက် (ဓာတ်ပုံ −YUSC)

 

ဂျာမနီ ဘွန်ဒက်စ်လီဂါကလပ် ဝါဒါဘရီမင်အသင်းက  မြန်မာလိဂ်ကလပ် ရန်ကုန်ယူနိုက်တက်နှင့် မိတ်ဖက် အသင်း ပြုလုပ်ရန် ကမ်းလှမ်းထားကြောင်း အသင်းကော်မာရှယ်မန်နေဂျာ ဦးမျိုးမြင့်သောင်းက ပြောသည်။

ဝါဒါဘရီမင်အသင်းအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက  ရန်ကုန်အသင်းနှင့် မိတ်ဖက်အသင်း ပြုလုပ်ရန် စိတ်ဝင်စားသည့်  တရားဝင် အီးမေးလ်ပို့ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

တိုက်စစ်မှူးဘိုတန်းကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ဘာစီလိုနာ အံ့အားသင့်ဖွယ်ခေါ်ယူ

ဘာစီလိုနာအသင်းဟာ စပါးနဲ့ ပို့စ်မောက်တိုက်စစ်မှူးဟောင်း ဘိုတန်းကို ဆာဆူအိုလိုကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ အံ့အားသင့်ဖွယ်ခေါ်ယူခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်ခန့်က ဆီဗီလာကို ပြောင်းရွှေ့သွားခဲ့တဲ့ မူနီယာနေရာမှာ အစားထိုးဖို့ ဘိုတန်းကို ဘာစီလိုနာအသင်း ခေါ်ယူခဲ့တာပါ။ အသက်(၃၁)နှစ်အရွယ် ကစားသမားဟာ တနင်္လာနေ့ နံနက်ပိုင်းက ဆာဆူအိုလိုအသင်းဖော်တွေကို နှုတ်ဆက်ခဲ့ပြီးနောက် ဘာစီလိုနာကို ရောက်ရှိလာခဲ့ပါတယ်။

လက်ရှိခြေစွမ်းကို အားမရသေးကြောင်း အောင်သူ ပြော

၂၀၁၉ ထိုင်းလိဂ်အကြို  Leo ဖလားရှုံးထွက်ပြိုင်ပွဲတွင်  မြောင်တောင်ယူနိုက်တက်အသင်း၌ ပါဝင်ကစားခဲ့ သော်လည်း လက်ရှိခြေစွမ်းကို အားရကျေနပ်မှု မရှိသေးကြောင်း မြန်မာ့လက် ရွေးစင် တိုက်စစ်မှူး အောင်သူက ပြောသည်။

အောင်သူသည် ယခုနှစ်တွင် မြန်မာလိဂ်ကလပ် ရတနာပုံအသင်းမှ ထိုင်းကလပ်မြောင်တောင် ယူနိုက်တက်သို့ တစ်ရာသီ အငှား စာချုပ်ဖြင့် ပြောင်းရွှေ့ကစားနေသည်။

လုပ်ခငွေ တိုးမြှင့်ရရှိရန် မန်ယူ ဂိုးသမား ဒီဂီယာ လိုလားနေ

ပရီမီယာလိဂ်ကလပ် မန်ယူအသင်း၏ အဓိက ဂိုးသမားဖြစ်သူ ဒေးဗစ်ဒီဂီယာသည် မန်ယူအသင်းနှင့် နှစ်ရှည် စာချုပ် ချုပ်ဆိုသွားရန် ဆန္ဒရှိသော်လည်း သူ၏ လုပ်ခလစာငွေကို လက်ရှိ ရရှိနေသည့် ပမာဏထက် ၅ဝ ရာခိုင်နှုန်း တိုးမြှင့်ရရှိရန် လိုလားလျက်ရှိကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။