
နောက်ဆုံးပွဲဖြစ်တာကြောင့် အမှတ်တရကောင်းများစွာ ချန်ထားခဲ့ချင်တယ်လို့ပြောတဲ့ အောင်လအန်ဆန်
=====================
ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်က ဆွီဒင်ဖိုက်တာ ဇီဘာတီရန်ကိတ်စတမ်နဲ့ ထိုးသတ်ရမယ့်ပွဲဟာ သူ့ရဲ့ဖိုက်တာဘ၀ နောက်ဆုံးပွဲဖြစ်တာကြောင့် အမှတ်တရကောင်းများစွာ ချန်ထားခဲ့ လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အောင်လအန်ဆန်ဟာ အောက်တိုဘာလ ၄ ရက်မှာ ကျင်းပမယ့် ONE Fight Night 36 ပြိုင်ပွဲမှာ ဆွီဒင်ဖိုက်တာ ဇီဘာတီရန်ကိတ်စတမ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။









