


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ပဲခူးတိုင်းဒေသကြီး( အနောက်ပိုင်း) ပေါက်ခေါင်းမြို့၊ရပ်သစ်ကျေးရွာရှိဒေသခံမဲဆန္ဒရှင်ပြည်သူများ၊ပါတီဝန်းရံသူများနှင့် တွေ့ဆုံ
===========================
ပေါက်ခေါင်း ဒီဇင်ဘာ ၁၈
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်းသည် ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထူးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမြင့်သူတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်ပေါက်ခေါင်းမြို့၊ရပ်သစ်ကျေးရွာအုပ်စု၊ရပ်သစ်ကျေးရွာသို့သွားရောက်ပြီးဒေသခံမဲဆန္ဒရှင်ပြည်သူများ၊ပါတီကိုအားပေးထောက်ခံသူများ၊ပါတီဝန်းရံသူများနှင့်တွေ့ဆုံခဲ့ပါသည်။

























