ရန်ကုန်(အရှေ့ပိုင်း)ခရိုင်တွင် ပါတီဝင်များတွေ့ဆုံပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်(အရှေ့ပိုင်း) ခရိုင် စည်းရုံးရေးနယ်မြေ အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှပါတီဝင်များအား ခရိုင်ပါတီကော်မတီနှင့် မြို့နယ်ပါ တီကော်မတီတို့မှ ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ရက် တွေYဆုံလျက်ရှိရာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ (၁) ရက် နံနက် ၈ နာရီတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမဆောင်၌ေ တွ့ဆုံကြသည်။

မီဒီယာကိုစိတ်ဝင်စားကြသည့်ပါတီဝင်လူငယ်များအား မီဒီယာသင်တန်းဖွင့်လှစ်သင်ကြား

 

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမအတွင်း၌ ၂၀၁၇ ဇန်န၀ါရီလ (၁) ရက် နံနက် ၁၁နာရီက မီဒီယာကို စိတ်ပါဝင်စားကြ သည့်ပါတီဝင် လူငယ်များအား သတင်းမီဒီယာ ဆင့်ပွားသင်တန်းကို ဖွင့်လှစ်သင်ကြား ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဗဟိုကော်မတီဝင်၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ကော်မတီဝင် ဒေါ်ခိုင်ဇင်ဦး၊ သံတွဲခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ များနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ပါတီရှေ့ဆက်လုပ်ကိုင်ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်း

 

ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီမြို့နယ်ခွဲ ပြည်ခိုင်ဖြိုးပါတီ ရုံး အစည်းအဝေးခန်းမအတွင်း၌ ၂၀၁၇ ဇန်န၀ါရီ (၂) ရက် မွန်းတည့် ၁၂နာရီက ပြည်နယ်အတွင်းရေးမှူးနှင့် ကျိန္တလီမြို့ နယ်ကော်မတီဝင်များ၊ အရန်ကော် မတီဝင်များ၊ရပ်/ကျေးခေါင်းဆောင်များ တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံကြရာ၌ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ က မြို့နယ်ပါတီအနေဖြင့် ရှေ့ဆက် လုပ်ကိုင် ဆောင်ရွက်သွားရမည့် ပါတီလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလ င်းပြောကြားခဲ့သည်။

လက်တွေ့အသုံးချWindows Basic and Office Application Course သင်တန်း ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဖွင့်

 

ရန်ကုန်တိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံးကွန်ပျူတာသင်တန်း ခန်းမတွင် လက်တွေ့အသုံးချ Windows Basic and Office Application Courseသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ဇန်န၀ါရီ (၂) ရက် နံနက် ၁ဝ နာရီက ကျင်းပသည်။

ပြည်နယ်ပါတီရုံးအဖွဲ့မှ နှစ်သစ်ကိုကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကလေး သူငယ်ပြုစု စောင့်ရှောက်ရေး ဖောင်ဒေးရှင်း တွင် အလှူငွေများလှူဒါန်း

နှစ်သစ်ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက် (နှစ်သစ်ကူးနေ့) နံနက်ပိုင်းက ရခိုင ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အဖွဲ့မှူး ဦးဆောင်သော ရုံးဝန်ထမ်းများသည် စစ်တွေမြို့ မင်းဂံ ရပ်ကွက် (အကွက်-၁၃)ရှိ ABC ကလေးသူငယ် များ ပြုစုစောင့်ရှောက်ရေးဖောင်ဒေးရှင်းသို့ သွားရောက်၍ အလှူငွေများနှင့် ကလေးသူငယ်များအတွက် အချိုရည်ဘူးများ၊ မုန့်များသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင်ဦးဌေးဦးအား ဂျပန်နိုင်ငံမှ အမျိုးသမီးကင်းထောက်အဖွဲ့လာရောက်တွေ့ဆုံ

 

ပြင်ဦးလွင်ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌မီဒီယာသင်တန်းဖွင့်လှစ်

 

(၂.၁.၂၀၁၇)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် ပြင်ဦးလွင်ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ Social Media အ​ခြေခံသင်တန်း (၁/၂၀၁၇)ဖွင့်လှစ်ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းကော်မတီဝင်များဖြစ်​ကြ​သော ဦးမျိုးမြင့်၊ ဦးစိုင်းအောင်ကြည်၊ ​ဦးတင့်လွင်ဦး၊ ပြင်ဦးလွင်ခရိုင်ဥက္ကဌ ဦးဝင်းကြည်နှင့်ခရိုင်ကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ် အတွင်းရေးမှူး၊ သင်​တန်းနည်းပြများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး၏ နှစ်သစ်အကြိုနှုတ်ခွန်းဆက်စကား

 

၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့သည် ရုံးလုပ်ငန်းသုံးပြက္ခဒိန်တစ်နှစ်၏ နှစ်သစ်အစ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ရက်မြတ်တစ်ရက် ဖြစ်ပါသည်။
ကျွန်တော်တို့ပါတီဝင်များသည် နိုင်ငံတော်နှင့်ပြည်သူတို့၏အကျိုးအား ကျရာနေရာက သယ်ပိုးလိုသည့် မွန်မြတ်သော စိတ်ထားကို အခြေခံပြီး စေတနာအား၊ ပညာအား၊ စည်းလုံး ညီညွတ်မှုအင်အားဖြင့် ပြည်သူတို့နှင့်အတူ လက်တွဲဆောင်ရွက်ကြ ပါမည်။
နိုင်ငံနှင့်ပြည်သူတစ်ရပ်လုံးအတွက် အရေးကြီးကိစ္စရပ်များကိုဆွေးနွေးခြင်း၊ သုံးသပ်ခြင်းနှင့် စီမံခြင်းများပြုလုပ်ရာ၌ ပြည်တွင်းရှိ ပကတိအခြေအနေများ၊ ပကတိအရှိတရားများကို အခြေခံ စဉ်းစား၍ လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစဉ်များဖြစ်အောင် ဆောင်ရွက်ကြပါမည်။

ကော့မှူးမြို့နယ်ပါတီနှင့် “ဖြိုးစေတနာ” နယ်လှည့် ဆေးကုသအဖွဲ့ ကျေးရွာအရောက် ကွင်းဆင်းကုသ

 

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ကော့မှူးပြည်ခိုင်ဖြိုးပါတီ နှင့် ‘ဖြိုးစေတနာ’ ဒေါက်တာ သိန်းဇော်မြင့် ဦးဆောင်သော ဆေးကုသရေးအဖွဲ့ (တွံတေး) တို့ပူးပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း ကော့မှူး မြို့နယ်အတွင်း သွားလာရခက်ခဲ သော ကျေးရွာများအရောက် ကျန်း မာရေးစောင့်ရှောက်ကုသပေးလျက် ရှိရာ ကော့မှူးအနောက်ခြမ်း ရေ ကျော်ကျေးရွာအုပ်စု ကျုံဖာကျေး ရွာပါတီခေါင်းဆောင်ဦးခင်တိုး၏ နေအိမ်၌ ဒီဇင်ဘာ (၃၁) ရက် နံနက် ၈နာရီမှစ၍ ၁၁ နာရီအထိ အနီးဝန်းကျင်ကျေး ရွာများဖြစ်သော ပျဉ်းကတိုးကျေး ရွာ၊ ကွမ်းခြံကုန်းလေးကျေးရွာ၊ ချောင်းဝကျေးရွာ၊ ရေကျော်ကျေး ရွာများမှ လူနာ (၁၅၅) ဦးကို ကုသပးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးခေါင်းဆောင်သော အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CPCပါတီ (Communist Party of China)၏ဖိတ်ကြားချက်အရ ဒီဇင်ဘာ (၂၇) ရက်မှ (၃၁) ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရာမှ ဒီဇင်ဘာ (၃၁) ရက်ညနေပိုင်းတွင် နေပြည်တော်လေဆိပ် သို့ ပြန်လည်ရောက်ရှိခဲ့သည်။