ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူ ငယ်ရေးရာအဖွဲ့တို့ဦးဆောင်၍ ယမန်နေ့ နံနက် ၆ နာရီ ၁၅ မိနစ် က ကရင်ပြည်နယ်ရှိ ဆံတော်ရှင် ဇွဲကပင်တောင်ပေါ်သို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူ ငယ်ရေးရာအဖွဲ့တို့ဦးဆောင်၍ ယမန်နေ့ နံနက် ၆ နာရီ ၁၅ မိနစ် က ကရင်ပြည်နယ်ရှိ ဆံတော်ရှင် ဇွဲကပင်တောင်ပေါ်သို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မာန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်ကြည် နှင့်ခရိုင်ကော်မတီ ဦးကျော်လှဦး၊ ဦးမောင် မောင်မြင့်တို့ ဦးဆောင်သော မြို့နယ်ပြည်ခိုင်ဖြိုးပါတီအဖွဲ့သည် မာန်အောင်မြို့နယ်၌ ယမန်နေ့နှင့် ယနေ့တွင် ဆေးကုသ ရန်ရောက်ရှိလာသော တပ်မတော်ပင်လယ်သွားဆေးရုံ သင်္ဘော(သံလွင်) နယ်လှည့် ကျန်းမာရေး ဆေးကုသအဖွဲ့အား သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးသည် ဟင်္သာတ ခရိုင် စက္ခုပါလဒိဖောင်ဒေးရှင်း အဖွဲ့ဝင်များ၊ ဟင်္သာ စေတနာနယ် လှည့်ဆေးကုသရေးအဖွဲ့ ဝင်များ၊ ဒီဃာယုဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်နှင့် မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များနှင့် ရပ်မိရပ်ဖများသည် ယခုလ ၁၈ ရက် နံနက်ပိုင်းက ဟင်္သာနေခြည် ဘက်စုံဖွံ့ဖြိုးရေးစင်တာ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

အမည် ————— ဦးနေလင်း
ပါတီ ——————— ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း—— BA (Hist)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် ——– ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း

* ပြည်ခိုင်ဖြိုးပါတီသည် အမျိုးသားရေးကို ဦးထိပ်ထားသည့် ပါတီဖြစ်သည်။
* ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံရှိနေသရွေ့ ပြည်ခိုင်ဖြိုးပါတီ ……..တည်ရှိနေမည်။
* ပြည်ခိုင်ဖြိုးပါတီရှိနေသမျှ အမျိုးဂုဏ် ဇာတိဂုဏ် မညှိုးနွမ်းစေရ။
* ပြည်ခိုင်ဖြိုးပါတီရှိနေသမျှ မြန်မာပြည်နယ်နိမိတ် မပြောင်းလဲစေရ။
ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး(၁၁/၂ဝ၁၆)မှ ကောက်နုတ်ချက်
ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး၏ ဈာပနအခမ်းအနားတွင် လုပ်အားဒါနပြုဆောင်ရွက်ခဲ့ကြသော ပြည်ခိုင်ဖြိုးပါတီဝင်များအား ဂုဏ်ပြုပွဲကို (၂၁.၂.၂၀၁၇)ရက်နေ့ (၁၃း၀၀)အချိန်က မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်ပါတီ ဥက္ကဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌများ၊ ဆရာတော်ကြီးဈာပနတွင် ပါဝင်လုပ်အားပေးခဲ့ကြသည့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီ၏ လပတ်ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည်။

အမည် ———————- ဦးဌေးနိုင်
ပါတီ ———————– ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း —————- သိပ္ပံဘွဲ့(သင်္ချာ)၊ မဟာသိပ္ပံဘွဲ့ (ကာကွယ်ရေး)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ် မဲဆန္ဒနယ်အမှတ်(၄)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန် အား ဂျပန်နိုင်ငံ SASAKAWA ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA ခေါင်းဆောင်သည့် အဖွဲ့က ဖေဖော်ဝါရီ (၁၇) ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံခဲ့သည်။

မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဦးစီးဖွင့်လှစ်သော အခမ်း အနားမှူးသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ (၁၉) ရက် နံနက် ၉ နာရီက တိုင်းဒေသကြီး ပါတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်အမှာစကား ပြောကြားသည်။
