မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးလှမြင့်နှင့် မြို့နယ်ကော်မတီများသည် ဖေဖော်ဝါရီ (၂၂) ရက် မွန်းတည့် (၁၂) နာရီအချိန်က ကျောင်းကုန်းကျေးရွာ ဘဝအလင်းရောင်စာပေရေချမ်းစင်၊မွန်မြတ်စေတနာပရဟိတအသင်း၊ ဓမ္မစကူးအသင်းများအတွက် ပညာသုတ စာအုပ်များ၊ ဂျာနယ်များ၊ တရား စာအုပ်များ စုစုပေါင်း အမျိုးအစား(၂၄)မျိုးနှင့် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများ လှူဒါန်းပွဲ ကျင်းပခဲ့သည်။












