ပြည်ခိုင်ဖြိုးပါတီဟာ နိုင်ငံနဲ့ပြည်သူအတွက် အစဉ်ဆောင်ရွက်ပေးနေတဲ့ ပါတီဝင်တွေ၊ အမှုဆောင်တွေ ဦးဆောင်နေသူတွေနဲ့ ထာဝစဉ်တည်တံ့နေပြီး စိတ်ဓာတ်ခိုင်မာပြီး လေ့ကျင့်သား ပြည့်ဝနေသူတွေဖြစ်လို့ ဘယ်လို အခြေအနေရောက်ရောက် ပြန်လည်တည့်မတ် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မိမိကိုယ်တိုင်လည်း ပြည်သူက ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ၊ နိုင်ငံနဲ့ပြည်သူ့အတွက် အစဉ်ဆောင်ရွက်သွားလိုစိတ်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။







