ပြည်နယ် /ခရိုင် /မြို့နယ်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (ပထမ) နေ့ကျင်းပ

 

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး
ရေးပါတီ ပြည်နယ်/ခရိုင်/မြိုနယ် ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (ပထမနေ့) ကို (၈-၂-၂၀၁၇) ရက်နေ့၊ နံနက်(၉)နာရီတွင်ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ တွင် စတင်ကျင်းပခဲ့ကြောင်း၊ အစည်း အဝေး သို့
ကချင် ပြည်နယ်ပါတီဥက္ကဌ ဦးရားဝမ်ဂျုံနှင့်ပြည်နယ်
ကော်မတီဝင်များ၊ အရန်ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီဥက္ကဌများစုစုပေါင်း(၄၅)ဦးတက်
ရောက်ခဲ့ကြောင်း၊မနက်ဖန်တွင် ဒုတိယနေ့ အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ် သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့် ကျေးရွှာရှိ ဒေသခံ တောင်သူများနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ် သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်သည် တောင်သူလယ် သမားရေးရာ ကော်မတီအဖွဲ့ဝင်မျာ၊ ပျဉ်းမနားပါတီ ဥက္ကဌ ဒေါ်ဝင်းသီနှင့် မြို့နယ်/ ရပ်ကျေး ကော်မတီဝင်များနှင့် အတူ ပျဉ်းမနားမြို့နယ် ၊ ဇီးဖြူပင်ကျေးရွှာ အုပ်စု သစ်ဆိမ့်ပင် (ရှေ့) ကျေးရွာရှိ ဆောင်းသီးနှံ မတ်ပဲနှင့် ပဲမျိုးစုံ စိုက်ခင်းများသို့ ဖေဖော်ဝါရီ( ၆) ရက်နေ့က သွားရောက်ကြည့်ရှု့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန်အစည်းအ​ဝေးပြုလုပ်

 

တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်မြို့နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ် /ရပ်ကျေး ပုံမှန်မျက်နှာစုံညီ အစည်းအဝေး ကို ဖေဖေါ်ဝါရီလ ၇ ရက်၊ နေ့လည် (၁းဝဝ )နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအ​ဝေးတွင်မြိတ်မြို့နယ်ပါတီဥက္ကဌ- ဦးမိုးမြင့်နှင့်
မြို့နယ်ပါတီကော်မတီဝင်များနှင့် ကျေးရွာ/ရပ်ကွက်
များကပါတီစည်းရုံးရေးမှူးများနှင့် အမာခံပါတီဝင်​များ
တက်ရောက်ကြကာ ပထမဦးစွာမြို့နယ်ပါတီဥက္ကဌမှ
အမှာစကားပြောကြားပေးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဌာနချုပ် စုပေါင်းထမနဲထိုးပွဲသို့ တက်ရောက်အားပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ဖေဖော်ဝါရီ (၇) ရက် နံနက် ၇ နာရီက နေပြည်တော်ရှိ ပါတီဌာနချုပ် တွင်ကျင်းပခဲ့သည့် ဌာနချုပ်စုပေါင်းထမနဲ ထိုးပွဲသို့ တက်ရောက်အားပေးခဲ့သည်။
ယင်းထမနဲထိုးပွဲကို ပါတီဌာနချုပ် အတွင်းမှ ရုံးတွင်းဌာနများအလိုက်ဝန်ထမ်း များစုပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထမနဲထိုးပွဲသို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်း၊ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပြီး ဌာနချုပ် အတွင်းမှ ဝန်ထမ်းမိသားစုဝင်များ စုံညီစွာ တက်ရောက်ပူးပေါင်းပါဝင်ခဲ့ကြသည်။

(more…)


“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာနော်ဝေ သံအမတ်ကြီးလာရောက်တွေ့ဆုံ”

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံအမတ်ကြီး H.E Ms. Tone Tinnesခေါင်းဆောင်သောအဖွဲ့ ယနေ့ နံနက် ၁၀ နာရီအချိန်က နေပြည်တော် ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ (၁) တွင် လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နော်ဝေ မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအခြေအနေများ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် တို့တွင်လည်း နော်ဝေအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးတို့ကိုဆွေးနွေး ခဲ့ကြသည်။

ပါတီဌာနချုပ်မှ အဟာရဒါန သွားရောက်လှူဒါန်းမှုပြု

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် မိသားစုများ မှ မြန်မာ့ဓလေ့ရိုးရာ တပို့တွဲလရာသီ ထမနဲထိုးပွဲကို ယနေ့ ( ဖေဖော်ဝါရီ ၇ ရက်) နံနက်ပိုင်းတွင် ပါတီဌာနချုပ်တွင် ပြုလုပ်ကြပြီး အဟာရဒါအနဖြစ် နေပြည်တော် ဂရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ လည်းကောင်း၊ ဇေယျာသီရိ မြို့နယ် ခေတ်အေးကျေးရွာရှိ သုဇနကာရီ ပရဟိတသာသနာပြုကျောင်းသို့ လည်းကောင်း သွားရောက်လှူဒါန်းခဲ့ ကြသည်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ပြဋ္ဌာန်းပေးရန် ပြည်ခိုင်ဖြိုးအမတ်မေးမြန်း

 

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲထားပြီးဖြစ်၍ လွှတ်တော်သို့ တင်သွင်းရန်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်ကပြောသည်။

ဖေဖော်ဝါရီ ၆ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ် စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၏ မေးမြန်း မှုကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ယင်းသို့ဖြေကြားခြင်းဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ချောင်းဆုံမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေးစတင်

 

မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်တွင် ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲလစ်လပ် မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး စတင်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာတွင် ယမန်နေ့ နံနက် ၉နာရီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းက ကျေးရွာ အတွင်း လှည့်လည် စည်းရုံးဟော ပြောခဲ့ကြောင်း သိရသည်။