ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် ချင်းပြည်နယ် ထန်တလန်မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီကော်မတီဝင်များနှင့် ပါတီဝင်များအား ထန်တလန်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ မတ်လ (၂၃) ရက် မွန်းလွဲ ၁ နာရီခွဲခန့်က တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နှုတ်ခွန်းဆက်အမှာစကား ပြောကြား ခဲ့သည်။ မြို့နယ်ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်မှုများတင်ပြပြီး မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီဝင်များက လိုအပ်ချက်များတင်ပြကြသည်။



