ဒဂုံ(အရှေ့) ပြည်ခိုင်ဖြိုး ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဝင်များ၊ အမာခံပါတီဝင်များ အင်အား (၄၅) ဦးတို့သည် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ဖေဖေါ်ဝါရီလ (၂၈)ရက် နံနက် (၈) နာရီအချိန်မှ နေ့လည် (၁၂) နာရီခွဲအချိန်ထိ အမှတ် (၁၄) နှင့် (၁၅) ရပ်ကွက်များသို့ တစ်အိမ်တက်ဆင်း စည်းရုံးရေး (door to door) ဆောင်ရွက်ခြင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၏ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲရုံကိုယ်စားလှယ် အကူကိုယ်စားလှယ်(၁/၂ဝ၁၇)သင်တန်းဖွင့်လှစ်

 

ကယားပြည်နယ် ဖရူဆိုမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှကြီးမှူး၍ မဲရုံကိုယ် စားလှယ်/အကူ ကိုယ်စားလှယ် သင်တန်း(၁/၂ဝ၁၇)ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီ ၁၅မိနစ်က ဖရူဆိုမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

အလုံမြို့နယ်ပြည်ခိုင်ဖြိုး မဲဆွယ်စည်းရုံးရေးကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ပါတီကော်မတီဥက္ကဋ္ဌဦးကျော်သူရနှင့် မြို့နယ်ပါတီကော်မတီဝင် များသည် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ဧရာဝတီရပ်ကွက် သို့လည်းကောင်း၊ ညနေ ၄ နာရီတွင် အလုံမီးရထားရပ်ကွက်သို့ လည်းကောင်း အဖွဲ့များခွဲလျက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၏ကိုယ်ရေးရာဇဝင်လက်ကမ်းစာစောင်များ တစ်အိမ်တက်ဆင်း ဝေငှခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ခရိုင်မြို့နယ် ရပ်/ကျေးပါတီဝင်များနှင့်တွေ့ဆုံ

 

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင် ဌေးနှင့် အတွင်းရေးမှူး ဦးဆန်းညွန့် အောင်၊ ခရိုင်ဥက္ကဋ္ဌ ဦးထွန်းရှိန်နှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ နတ်မောက် ပြည်ခိုင်ဖြိုးပါတီ တာဝန်ခံ ဦးမောင်ချိန်၊ နတ်မောက်မြိ့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် နတ်မောက်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုး၊ အတွင်းရေးမှူး ဒေါ်အေးမာဖြူ၊ ဘဏ္ဍာရေးမှူး ဦးသန်း၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူး၊ အမှုဆောင်များ စုစုပေါင်း ၁၂ဝ ခန့်သည် ဖေဖော် ဝါရီ ၂၆ ရက်က တွေ့ဆုံဆွေးနွေးကြသည်။

မိုးကောင်းပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စီးပွားရေးဆိုင်ရာဆွေးနွေးပွဲကျင်းပ

 

ကချင်ပြည်နယ် မိုးကောင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍စီးပွား ရေးဆိုင်ရာဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ သဘာပတိမြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌဦးထွန်းထွန်းအောင်က အမှာ စကားပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တိုင်းဒေသကြီး ခရိုင် မြို့နယ်ပါတီ ဥက္ကဋ္ဌ အတွင်းရေးမှူးများနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီးခရိုင်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ အတွင်းရေးမှူးများတွေ့ဆုံ ညှိနှိုင်းအစည်းအဝေး ကို ဖေဖော်ဝါရီ (၂၈) ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တိုင်းဒေသကြီး အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်းနှင့် ဦးတင်ဝင်း၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ တက်ရောက်ကြသည်။

လူထုဟောပြောနည်း ဘာသာရပ်အား တွေ့ဆုံဆွေးနွေး မျှဝေပေး

 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းဒေသကြီးပါတီရုံး၌ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင် (ဝေလွင်မောင်) က ဖေဖော်ဝါရီ (၂၈) ရက် နံနက် ၉ နာရီတွင် လူထုဟော ပြောနည်း ဘာသာရပ်အားမျှဝေ၍ ဗဟုသုတအသိပညာများ တွေ့ဆုံ ဆွေးနွေးပို့ချပေးသည်။

မစိုးရိမ်ဆရာတော်ကြီး၏ ရုပ်ကလပ်အား ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ သွားရောက်ကန်တော့

(၂၇.၂.၂၀၁၇) ည (၀၈း၁၅) အချိန်ခန့်က ဘဝနတ်ထံပျံလွန်တော်မူသွားသော မစိုးရိမ်ကျောင်းတိုက် အဓိပတိမဟာနာယက၊ နိုင်​ငံ​တော်​သြဝါဒစရိယ၊ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တပဒုမာဘိဝံသ သက်​​တော်​(၈၂)၊ ဝါ​တော်​ ( ၆၂ ) ဝါ၏ ရုပ်ကလပ်တော်အား ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်မှ  (၂၈.၂.၂၀၁၇) နံနက် (၀၉း၅၀) အချိန်တွင် သွားရောက်ဖူးမျှော်ခဲ့ပြီး ဈာပန အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ကျေးရွာချင်းဆက် လမ်းဖောက်လုပ်မှုတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌနှင့်ပါတီဝင် များ ကျေးရွာရပ်မိရဖတစ်ဦးတို့မှ အလှူငွေများ လှူဒါန်း

28.2.2017 ဝါးခယ်မမြို့နယ် ညောင်ငူကျေးရွာအုပ်စု သံဖြူစုကျေးရွာနှင့် ကျုံစုတ်ကျေးရွာ ကျေးရွာချင်းဆက် လမ်းဖောက်လုပ်မှုတွင် ဝါးခယ်မမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးတင်ထွဋ်မှ ငွေကျပ် ၁၀၀၀၀၀ (တစ်သိန်း) ကျေးရွာ ရပ်မိရပ်ဖ တစ်ဦး ဖြစ်တဲ့ ဦးခေါင်းကြီးမှ ငွေကျပ် ၁၀၀၀၀၀ (တစ်သိန်း) ဖြင့် မတည်လှူဒါန်းပြီး ရပ်ကျေးပါတီဝင်များ ဦးဆောင်မှုဖြင့် ကောက်ခံ ရရှိငွေ ၃၀၀၀၀၀ (သုံးသိန်း)ကျပ် အခြားစေတနာရှင်များ၏ ထည့်ဝင်လှူဒါန်းမှုများ ဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

အမည် – ဦးစိုင်းကျော်ခိုင်
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – B.Com
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – မိုင်းရှူးမြို့နယ် ရှမ်းပြည်နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း

 

(more…)