ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မှကြီးမှူး၍ လူငယ်လှုပ်ရှားမှုအနေ ဖြင့်ဆောင်ရွက်လာခဲ့ပြီး ပိုက်ကျော် ခြင်းပြိုင်ပွဲကိုကျင်းပကာ ယမန်နေ့ မွန်းလွဲ ၁နာရီက ပြိုင်ပွဲတွင် ဆုရရှိ သောအသင်းများအားပါတီရုံးခန်းမ အတွင်းဆုများချီးမြှင့်ခဲ့ရာ ဆုရရှိသူ များအားဗဟိုကော်မတီဝင်ဦးကျော် မြင့်၊ မြို့နယ်ဥက္ကဋ္ဌဦးသန်းဇော်တို့ က ဆုများ အသီးသီးပေးအပ်ခဲ့ ကြောင်းသိရသည်။ ယင်းအခမ်း အနားသို့ အင်အား ၃ဝ ခန့် တက် ရောက်ခဲ့သည်။
မိုးညိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မျက်စိအခမဲ့ကုသရေးညှိနှိုင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် မိုးညိုမြို့နယ် ပြည်ခိုင်ဖြိုး ရုံးခန်းမအတွင်း လူငယ်လှုပ်ရှားမှု အသွင်ဖြင့် လှုပ်ရှားဆောင်ရွက် နိုင်ရေး ဒေသခံတို့အား မိုးညိုမြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ မျက်စိ အခမဲ့ကုသရေးလုပ်ငန်းအတွက် ညှိနှိုင်းဆောင်ရွက်မှုကို ယမန်နေ့ မွန်းလွဲပိုင်း၌ကျင်းပရာ ပြည်ခိုင်ဖြိုး ပါတီမှ မြို့နယ်အတွင်းရေးမှူး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ဇာခြည်လွင်၊ လူငယ်များနှင့် မြို့နယ်အလုပ်အမှုဆောင်များမှ ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေး နွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အလုံမြို့နယ်တွင် ဖေဖော်ဝါရီ ၂၁ရက် ညနေက မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ အတွင်းရေးမှူး ဒေါ်ဥမ္မာ ကြည်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်စည်းအမှုဆောင်များသည် စောရန်ပိုင် အနောက်ရပ်ကွက်နှင့် ဆင်မင်းရပ်ကွက်များသို့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ အောင်နိုင်ရေးအလံများ၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ မဲဆန္ဒရှင်များကို ရင်းနှီး နွေးထွေးစွာကွင်းဆင်းစည်းရုံးခဲ့ကြောင်းသိရသည်။
ထိန်ဝင်း(ကြည့်မြင်တိုင်)
ဇလွန်ပြည်ခိုင်ဖြိုးပါတီ လူငယ်များအတွက် အတတ်ပညာသင်တန်းများ ဖွင့်လှစ်ပေးလျှက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သင်ကြားသော ကွန်ပျူတာ LCCI Level (1,2) သင်တန်းဆင်းပွဲနှင့် မြန်မာ့ရိုးရာ လက်ဝှေ့သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ယခုလ ၁၉ ရက် ညနေ ပိုင်းက ကျင်းပခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီမှ မီးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများပေးအပ်

Thurein Linn Myat
ရပ်/ကျေး ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်အသစ်တင်
မွန်ပြည်နယ် မုဒုံမြို့နယ် မှိန်ကနိမ်းကျေးရွာ ဦးမြင့်အောင်နေအိမ်၌ ဖေဖော်ဝါရီ (၂၂) ရက်နေ့ နံနက်( ၀၇း၀၀) နာရီချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေး ဆိုင်းဘုတ်အသစ်အား စိုက်ထူပြီး အမွှေးနံ့သာရည်များ ပတ်ဖျန်းခဲ့ကြသည်။
အဆိုပါအခမ်းအနားကို မော်လမြိုင်ခရိုင် ပါတီကော်မတီဝင် ဦးမင်းအောင်မြင့်၊ ဦးသန်းစိုးအောင်၊ မုဒုံမြို့နယ် ပါတီဥက္ကဌ ဦးကျော်ကျော်လွင်၊ အတွင်းရေးမှူး ဦးအောင်သက်တင်နှင့် မြို့နယ်ပါတီကော်မတီဝင် ဦးမြတ်ထွန်းနှင့် ရပ်/ကျေး စည်းမှူးနှင့် အဖွဲ့ဝင်များမှ တက်ရောက်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မိတ်ဆက်
အမည် – —————–ဦးခင်မောင်အေး
ပါတီ ——————– ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
အဖအမည် —————– ဦးအောင်ဥာဏ်
ပညာအရည်အချင်း – ———– MA (English); M.P.A; DIR; DOS;
Diploma in English; B.Sc (Physics)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် —————– အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း
ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အလှူငွေပေးအပ်
(၂၀-၂-၂၀၁၇)ရက် နေ့လည်(၂း၃၀)နာရီတွင် ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်၊ ပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း မှ ကယားလီအမျိုးသား လူငယ်ညီလာခံကျင်းပနိုင်ရေးအတွက် ကယားအမျိုးသားလူငယ် ဦးပိုးရယ်ခူးတလေထံ အလှူငွေကျပ် (၁)သိန်း တိတိ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
# လမင်းချစ်သူ
ကျိုင်းလပ်မြို့နယ်ပါတီရုံးအား လိုအပ်သည်များ သွားရောက်ကြည့်ရှု
(၂၁-၂-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်တီ အတွင်းရေးမှူး ဦးစိုင်းလုံ၊ မြို့နယ်ကော်မတီဝင် ဦးစိုးကျော်အောင်၊ ဦးအောင်ထန် တို့သည် တာလေမြို့နှင့် ကျိုင်းလပ်မြို့နယ်များသို့ ကွင်းဆင်းသွားရောက်ပြီး စည်းရုံးရေးတာဝန်ခံများဖြင့် တွေ့ဆုံကာ ပါတီရှေ့လုပ်ငန်းစဉ် များ ဆွေးနွေးခြင်း၊ တာလေ၊ ကျိုင်းလပ်ပါတီရုံး လိုအပ်ချက်များ ဖြည့် ဆည်း ဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လမ်းမတော်မြို့နယ်၌ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး လမ်းမ တော်မြို့နယ်အတွင်း၌ လမ်းမတော် မြို့နယ်နှင့် ကျောက် တံတားမြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များက လမ်းမတော်မြို့နယ် (၁) ရပ်ကွက် အတွင်းရှိ နေအိမ်များသို့ ကွင်းဆင်း မဲဆွယ်စည်းရုံးရေးကို ယခုလ ၁၉ ရက် မွန်းလွဲ ၁ နာရီမှစတင်၍ ညနေပိုင်းအထိ ဆောင်ရွက်ခဲ့ကြာင်း သိရသည်။