* ဒီမိုကရေစီခေတ်မှာ ပြည်သူလူထုဆိုတာ ကိုယ်လိုချင်တဲ့လူကို ရွေးတာပဲ။ အဲ့ဒီတော့ ကျွန်တော်မှာချင် ၏တာ က ပါတီကို ကြည့်ပြီးတော့ ခေါင်းဆောင်လုပ်တဲ့လူ တစ်ယောက်တည်းကိုကြည့်ပြီးတော့ ရွေးချယ်မှု မလုပ်ပါနဲ့။ ခင်ဗျားတို့ မြို့ကိုခေါင်းဆောင်မယ့် ကိုယ်စားလှယ်လောင်းရဲ့အရည်အချင်းကိုလည်း ကြည့်ပါ။ ပြီးတော့မှ အဲ့ဒီပုဂ္ဂိုလ်ပါဝင်နေတဲ့ ပါတီရဲ့ မူဝါဒတွေလမ်းစဉ်တွေ ဘယ်လောက်ကောင်းလဲ ဘာတွေလုပ်ခဲ့ သလဲဆိုတဲ့ အတိတ်သမိုင်းကိုလဲ ပြန်ကြည့်ပါ။ (more…)
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးကွင်းဆင်းဆောင်ရွက်
ဆွမ်းဆန်တော်လောင်းလှူပွဲ၌ ပြည်ခိုင်ဖြိုးပါတီမှ ပါဝင်လောင်းလှူ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တာဝန်ခံတိုင်းကော်မတီဝင် ဦးမျိုး၊ ပြည်မြို့နယ်ပါတီ ဥက္ကဋ္ဌဦးအောင်တိုးနှင့် ကော်မတီဝင်များ၊ ကျေးရွာအုပ်စုပါတီဝင်များ သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်မြို့နယ် လက်ပံတောအုပ်စု ရွှေစာရံကျောင်းတိုက်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆွမ်းဆန်တော် လောင်းလှူပွဲတွင် ပါဝင်လောင်းလှူခဲ့ပြီး ရွှေစာရံကျောင်းတိုက် ဆရာ တော်အား ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
သူရအောင်(ပြည်)
လောက်ကိုင်ဒေသမှ စစ်ဘေးရှောင်ပြည်သူ ၆ဝဝ ကျော်နေရပ်ပြန်ရေး ရှမ်းပြည်နယ်(မြောက်ပိုင်း)ပြည်ခိုင်ဖြိုးပါတီက ကူညီဆောင်ရွက်ပေး
လောက်ကိုင်ဒေသမှ စစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူ ၆ဝဝ ကျော်ကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီက နေရပ်ပြန်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ်ဘဏ္ဍာ ရေးမှူး ဦးစိုင်းခမ်းကော်က ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်
အမည် – ဦးဇိုပဲန်း
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – သိပ္ပံဘွဲ့(သင်္ချာ)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ချင်းပြည်နယ် ထန်တလန်မြို့နယ် အမှတ်(၃)မဲဆန္ဒနယ်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
မီးဘေးသင့်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများ လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မန္တလေးခရိုင် ပါတီကော်မတီဝင် ဦးဝင်းမောင်၊ အောင်မြေသာစံမြို့နယ် ပါတီဥက္ကဌ ဦးကိုလေးနှင့် ကော်မတီဝင်များသည် လွန်ခဲ့သောရက်ပိုင်းက မီးလောင်ကျွမ်းမှုကြောင့် အိုးအိမ်များ ဆုံးရှုံးသွားသော အမရဌာနီအရှေ့ရပ်ကွက် အကွက်(၄၅)ရှိ ပြည်သူများ ခေတ္တခိုလှုံနေထိုင်သော ထားဝယ်ဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် မီးဘေးကယ်ဆယ်ရေးစခန်းသို့ မတ်လ (၉) ရက် ညနေပိုင်းက သွားရောက်ကာ မီးဘေးသင့် မိဘပြည်သူများကို အားပေးစကားပြောကြားပြီး မီးဘေးသင့် အိမ်ထောင်စု (၁၇)စုအတွက် တစ်စုလျှင် အလှူငွေ (၂၀၀၀၀ိ/-)ဖြင့် စုစုပေါင်း (၃၄၀၀၀၀ိ/-) အား လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကွယ်လွန်သူကျေးရွာပါတီဝင်၁ဦးအတွက်အလှူငွေနှင့်ပစ္စည်းများသွား ရောက်ထောက်ပံ့ကူညီဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီ ဝင် ၊မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များအဖွဲ့သည်၉.၃.၂၀၁၇ရက်နေ့လည်ပိုင်းတွင်ရပ်ကွက်နှင့်ကျေးရွာများမှပါတီစည်းရုံးရေးမှူးများနှင့် ပါတီဝင်များလိုက်ပါ လျက် (၇.၃.၂၀၀၇)ရက်တွင်ကွယ်လွန်သွားသော မြိတ်မြို့နယ်၊နန်းတော်ရာကျေးရွာအုပ်စု၊အမာခံပါတီ တွဲ-စည်းရုံးရေးမှူးဦးအောင်သန်း၊အသက် ၃၈နှစ်၊၏နာရေးအသုဘပို့ဆောင်ရာ နန်းတော်ရာကျေး ရွာသို့ရောက်ရှိပြီးကွယ်လွန်သူပါတီဝင်၏မိသားစုဝင်များ နှင့်တွေ့ဆုံကာနာရေးကူညီမှုအလှူငွေနှင့်အထောက်
အပံ့ပစ္စည်းများကိုသွားရောက်ကူညီလှူဒါန်းပေးအပ်ခဲ့ ကြောင်းသိရသည်။
Kyaw Linn
မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီက စလွန်း-မင်းသန်း ကျေးရွာချင်းဆက် တံတားဆောက်လုပ်နိုင်ရေးအတွက် ငွေကျပ်(၁)သိန်း ထည့်ဝင်လှူဒါန်း
တနင်္သာရီတိုင်းဒေသကြီး ၊
မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ လိုက်ပါသည့်ဖွဲ့က မြို့နယ်တွင်းရှိဒေသခံများနှင့်ကွင်း ဆင်း တွေ့ဆုံပြီးဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ လိုအပ်ချက်များနှင့်အခက်အခဲများအား ပြည်သူများနှင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၉ရက် ၊နံနက် တွင်စလွန်းကျေးရွာနေဒေသခံပါတီဝင်များ၊ ရပ်မိရပ်ဖ များနှင့်ကျေးရွာမှတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။
မင်းဘူး / စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေး ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်
မင်းဘူး /စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းဝေးကို မင်းဘူး / စကုမြို.နယ် ပါတီရုံးခန်းမတွင်ကျင်းပပြုလုပ်ရာ ဗဟိုပါတီကော်မတီဝင် တိုင်းလူငယ်ရေးရာတာဝန်ခံ ကျော်သူဦး၊ တိုင်းအရံပါတီကော်မတီ ဦးအေးသူ၊ မြို.နယ်ပါတီဥက္ကဌ ဦးကျော်ဝင်းမြင့်နှင့် ပါတီကော်မတီဝင်များ ရပ်ကွက် ကျေးရွာပါတီခေါင်းဆောင်များ တတ်ရောက်ပြီး လူငယ်ကေဒါတိုးပွားလာရေး ကို ခရိုင်လူငယ်အတွင်းရေးမှူး ဦးဝင်းနိုင်၊ မြို.နယ်လူငယ်တာဝန်ခံ ဦးလမင်း အောင်နှင့်အဖွဲ့အား လုပ်ဆောင်ရမည့်တာဝန်များအား ထမ်းဆောင်နိုင်ရန် ကျေးရွာအရောက် ကူညီပံ့ပိုးနိုင်ရေး ပူပေါင်းပါဝင်ရေး ဆွေးနွေးပြီး မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန္ဒာဝင်းထွန်းနှင့်အဖွဲ့ဝင် ဒေါ်ကေသွယ်မိုးတို့ မှ ကျေးရွာအမျိုးသမီးရေးရာအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။
လောက်ကိုင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီမှ ထမင်းထုပ်၊ မုန့်ထုပ်၊ ရေသန့်ဗူးများ ဝေငှ လှူဒါန်း
လောက်ကိုင်မြို့တွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်သို့ပြန်လည် ထွက်ခွာကြမည့် စစ်ဘေးရှောင် ပြည်သူ (၅၀၀)ခန့်သည် မန္တလေး၊ ပြည်ကြီး တံခွန်မြို့ရှိ ကျွဲဆည်ကန် ကားကြီးကွင်းတွင် (၈.၃.၂၀၁၇) ရက်နေ့ ညပိုင်းက ခေတ္တရောက်ရှိနေရာ မတ်လ (၉) ရက် နံနက် (၉) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးအောင်နိုင်ဦး၊ မန္တလေးခရိုင်ပါတီကော်မတီဝင် ဦးဝင်းလှိုင်ငြိမ်း၊ ပြည်ကြီးတံခွန်မြို့နယ် ပါတီဥက္ကဌ ဦးစိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုးပါတီ အမာခံအဖွဲ့များမှ သွားရောက်၍ အားပေးစကားပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှလှူဒါန်းသော ထမင်းထုပ်များ၊ မုန့်ထုပ်များ၊ ရေသန့်ဗူးများ ဝေငှပေးခဲ့ကြကြောင်း သိရသည်။