
ယမန်နေ့ ၁၃ ၁၂ ၂၀၁၇ ရက်နေ့ နံနက် ၀၉း၀၀ နာရီအချိန်တွင် သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပရာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသူများမှ နိုင်ငံတော်သီချင်းကို စုပေါင်းသီဆို ဖွင့်လှစ်၍ သင်တန်းဖွင့်အမှာစကားကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မီတီဝင် ရန်ကုန်တိုင်းပါတီ အတွင်းရေးမှူး ဦးသာဝင်းမှ ပြောကြားခဲ့ပါသည်။









