ပါတီဗဟိုအလုပ်အမှုဆောင်အား တရုတ်ဧည့်အဖွဲ့လာရောက်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့ ယနေ့ ညနေ ၄ နာရီက တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ကမ္ဘာလုံးဆိုင်ရာ လူမှုသိပ္ပံသုတေ သနလေ့လာရေးအဖွဲ့မှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယခုလ ၂ဝရက် နံနက် ၈ နာရီခွဲတွင် ကော့ကရိတ် မြို့အမှတ်(၁)ရပ်ကွက်ရွှေကြက်မင်း ဘုန်းတော်ကြီးကျောင်းသို့ ရောက် ခဲ့ပြီး ရွှေကြက်မင်းဆရာတော် ဈာပနကျင်းပရေးအတွက် အလှူ ငွေကျပ်တစ်သိန်းကို ရွှေကြက်မင်း ကျောင်းတိုက်ဆရာတော်ဦးသုဇာတ အား ဆက်ကပ်လှူဒါန်းခဲ့သည်။
မွန်းလွဲ ၁နာရီတွင် ဘားအံမြို့ နယ် မိသရောင်ကျေးရွာအုပ်စု ကျွန်းရွာရှိ ဓမ္မသုခကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာ တော်အား လှူဖွယ်နှင့်ဝတ္ထုငွေကျပ် နှစ်သောင်းကို ဆက်ကပ်လှူဒါန်းခဲ့ ပြီး အဆိုပါဓမ္မသုခတိုက်ကျောင်း တွင် ကျင်းပသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ပါတီ ဝင် အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီ တွင်စတင်ကျင်းပ သည်။

ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံဦးခင်ရီ ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပါဒကြီးစံပြကျေးရွာရှိ ပါဒကြီးငါးထပ်ဘုရားအာရုံခံ တန်ဆောင်းအတွင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာများမှ စည်းရုံးရေးမှူးများ၊ ပါတီဝင်များတွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။

သာကေတပြည်ခိုင်ဖြိုး ဆုရကျောင်းသားများ ဆုချီးမြှင့်

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်ဖေနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်စည်းအမှုဆောင် များသည် ယမန်နေ့နံနက် ၁၁ နာရီက သာကေတမြို့နယ် (၇)အရှေ့ ရပ်ကွက်အခြေခံပညာမူလတန်းကျောင်းအမှတ်(၁၃)မှ ပညာရည်ချွန် ဆုရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူ ၄၂ဦးအား ငွေကျပ် ၁၂၅ဝဝဝတန်ဖိုးရှိ ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်စသည့်        စာရေး ကိရိယာများကို ဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

လှည်းကူးပြည်ခိုင်ဖြိုး နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွါး)သင်တန်း အမှတ်စဉ်(၂)ဖွင့်လှစ်

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးတိုက်နယ် ကျေးရွာအုပ်စု အမှတ်(၁)ရှေ့တန်း ရုံးခန်းမ၌ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ်(၂) ကို ယနေ့ နံနက် ၈ နာရီက ဖွင့်လှစ်ကြောင်း သိရသည်။

ဒဂုံ(အရှေ့)ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်းအမှတ်စဉ်(၂)ဆင်းပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း) တွင် စည်းရုံးရေးနယ်မြေအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အဖွဲ့ ခေါင်းဆောင်များ၊ အမာခံပါတီဝင် များအတွက် ယခုလ ၂၆ရက်မှ ယမန်နေ့အထိသုံးရက်တာ ဖွင့်လှစ် ခဲ့သည့်နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်းအမှတ်စဉ်(၂)သင်တန်း ဆင်းပွဲကိုယမန်နေ့ညနေ၄နာရီခွဲက မြို့နယ်ပါတီရုံးသင်တန်းခန်းမဆောင် ၌ကျင်းပခဲ့ကြောင်း သိရသည်။

သာကေတပြည်ခိုင်ဖြိုးသန့်ရှင်းရေးလုပ်အားပေးကုသိုလ်ပြု

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၏ ကျက်သရေဆောင်(၁ဝ၈)တောင်မဟာဗောဓိ စွယ်တော်ရှင်စေတီတော်မြတ်ကြီး (၅၄)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပနိုင်ရန်အတွက် သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ပြည်ခိုင်ဖြိုးပရဟိတအဖွဲ့အင်အား ၅ဝတို့သည် ယမန်နေ့ နံနက် ၆ နာရီခွဲက ဘုရားပရိဝုဏ်နှင့်ရင်ပြင်တော်များတွင် သန့်ရှင်းရေးလုပ်အား ကုသိုလ်ပြု ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

TKA(သာကေတ)


မိုင်းဆတ်​မြို့နယ်​ လစဉ်​ပုံမှန်​ညှိနိုင်းအစည်းအ​ဝေးပြုလုပ်

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊မိုင်းဆတ်​မြို့နယ်​၊ပြည်​ခိုင်​ဖြိုးပါတီ လစဉ်​ပုံမှန် ​လုပ်​ငန်းညှိနိုင်းအစည်းအ​ဝေးကို မိုင်းဆတ်​မြို့နယ်​ မြို့နယ်​ပါတီဥက္ကဌ ဦးဒါဝိဒ်​နှင့် မြို့နယ်​​ကော်​မတီဝင်များ၊ရပ်ကျေး               ခေါင်းဆောင်းများဖြင့့်(၂၉.၁.၂၀၁၈)ရက်​​နေ့တွင်​ မိုင်းဆတ်​ပါတီရုံးအစည်းအ​ဝေးခန်းမတွင်​​တွေ့ဆုံခဲ့ပြီး ​ဒေသဖွံ့ဖြိုး​ရေးလုပ်​ငန်းများ ​ဆောင်​ရွက်​နိုင်​​ရေးအတွက်​ ရပ်​ကွက်​၊​ကျေးရွာပါတီ​ခေါင်း​ဆောင်​သစ်​များဖြင့် ပြန်လည်​ဖွဲ့စည်းခန့်အပ်တာဝန်ပေးအပ်​ခဲ့ကြ​ကြောင်း သိရှိရပါသည်​။

ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် နှင့် မင်းဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် လူငယ်တွေ့ဆုံပွဲကို စေတုတ္တရာ မြို့နယ်ခန်းမတွင် ယနေ့ နံနက် ၉ နာရီ အချိန်တွင် ကျင်းပခဲ့ရာ ရှေးဦးစွာအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးပိုက်ထွေး မှအမှာစကားပြောကြားခဲ့ပါသည် ။ အခမ်းအနားကို မကွေးတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး နှင့် တိုင်းကော်မတီဝင်များ မင်းဘူးခရိုင်ကော်မတီဝင်များ မင်းဘူးမြို့နယ် ကော်မတီဝင်များ စလင်းမြို့နယ်ကော်မတီဝင်များ ပွင့်ဖြူမြို့နယ်ကော်မတီဝင်များ ငဖဲမြို့နယ်ကော်မတီဝင်များ စေတုတ္တရာမြို့နယ်ကော်မတီဝင်များ လူငယ်ကေဒါများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးနှင့်အဖွဲ့ ရွှေကျင်နိကာယသံဃာ့အစည်းအဝေးသို့ တက်ရောက်ကြည်ညို

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ၃၀-၁-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်သော ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီးကျင်းပရာသို့ တက်ရောက်ကြည်ညို၍ ဆရာတော်ကြီးများ၏ ဆုံးမသြ၀ါဒများ နာယူခဲ့ပါသည်။