ပါတီဗဟိုအလုပ်အမှုဆောင် စက်ချုပ်သင်တန်းသားများအား တွေ့ဆုံအားပေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ပညာရေးရာဌာနကြီးတာဝန်ခံ ဦးလှသိန်း၊ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးစောမော်ထွန်း၊ ခရိုင်ပါတီ ဥက္ကဋ္ဌဦးအောင်စိုး နှင့်ကော်မတီဝင်များသည် ယမန်နေ့နံနက် ၁ဝ နာရီက သနပ်ပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှဖွင့်လှစ်သော မော်တာအပ်ချုပ်စက်(အခမဲ့)သင်တန်းအမှတ်စဉ် ၁၁/၂ဝ၁၇ ၌ တက်ရောက်သင်ကြား နေကြသော သင်တန်းသားများအား တွေ့ဆုံအားပေးခဲ့သည်။

ကရင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ ကျေးရွာလူထုနှင့်တွေ့ဆုံ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်

 

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကရင်ပြည်နယ်အတွင်းရေးမှူးဦးစန်းကို၊ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းတင့်၊ ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ဦးအောင်သိန်းဝင်း၊ ခရိုင် ကော်မတီဝင်နယ်မြေတာဝန်ခံဦးသက်ထွေးလွင်နှင့်ဦးအောင်မျိုးထွန်း၊ မြဝတီမြို့နယ်ဥက္ကဋ္ဌ ဦးထွန်းနေအောင်နှင့် မြို့နယ်ကော်မတီဝင်များ တို့သည် ယနေ့နံနက် ၁ဝ နာရီခွဲတွင် မြဝတီမြို့နယ် မဲ့ပလဲ့ကျေး ရွာအုပ်စု စမ္ပါလိုက်ကျေးရွာသို့သွားရောက်၍ ကျေးရွာလူထုနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

သာကေတပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးနှင့် ရခိုင်ပြည်နယ်အရေး ဆွေးနွေးပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ကော်မတီရုံးတွင် ယနေ့နံနက်၁ဝနာရီက ယနေ့ဖြစ် ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့် ရခိုင်ပြည်နယ် အရေးဆွေးနွေးပွဲ အခမ်းအနားကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင် ဦးတင်အောင်၊ တိုင်းဒေသကြီးကော်မတီဝင် ဒေါ်အေးအေး မြင့်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် ခရိုင်ပါတီ ကော်မတီ ဝင်များ၊ မြို့နယ်ပါတီနာယကအဖွဲ့နှင့် အကြံပေးအဖွဲ့ဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်စည်းအမှုဆောင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ တက် ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဗဟိုအလုပ်အမှုဆောင်ဦးအောင်တင်မြင့် ရမည်းသင်းမြို့နယ်ဒေသခံတောင်သူများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ရမည်းသင်းမြို့နယ်       ရွာတန်းရွာ ဦးမြင့်စိန်-ဒေါ်ဘိုလှတို့၏အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် စပျစ်၊ နဂါးမောက်၊ သံပရာ၊ နှင်းဆီပန်း စိုက်ပျိုးရေးခြံသို့ရောက်ရှိပြီး စပျစ်သီးခူးနေသည့် အမျိုးသမီးလေးများကို     အားပေးခဲ့သည်။

ဖြိုးစေတနာ အခမဲ့ဆေးခန်း ဖွင့်လှစ်

 

ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ရန်​ကုန်​ အ​ရှေ့ပိုင်းခရိုင်​ ဒဂုံမြို့သစ်​​မြောက်​ပိုင်းမြို့နယ်​ မှ ယ​နေ့ (13-10-2017) ​နေ့မှစ၍ ** ဖြိုး​စေတနာ ** သွားနှင့်​ခံတွင်း အခမဲ့ ​ဆေးခန်း ကိုစတင်​ဖွင့်​လှစ်​ခဲ့ပါသည်​။ အဆိုပါ ​ဆေးခန်းတွင်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​​ဒေါက်​တာ​ဇော်​လင်းပြုံး မှ အပတ်​စဉ်​ တနင်္လာ ​နေ့နှင့်​ ​သောကြာ​နေ့ များတွင်​ နံနက်​ ၉နာရီမှ ​နေ့လည်​ ၁၂နာရီအထိ တစ်​ရက်​လျှင်​ လူနာ (၅၀) ဦးအား လက်​ခံကုသ​ပေးသွားမည်​ဖြစ်​​ကြောင်း သိရှိရပါသည်​။

ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာတာဝန်ခံမှ ဂျပန်ဦးဏှောက်ရောင် ရောဂါအကြောင်း ဆွေးနွေးပြောကြား

 

(၁၂-၁၀-၂၀၁၇) ရက်နေ့တွင် နမ္မတူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များသည် နမ့်​ကတ်​​ကျေးရွာရှိ​ ဂေါ်ရခါး လူမျိုးများနှင့်​​တွေ့ဆုံ၍​ ကျောင်းသုံးစာအုပ်​များ လှူဒါန်းခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီအမျိုးသီးရေးရာတာဝန်ခံသည် အဆိုပါကျေးရွာရှိ အိမ်ထောင်​ရှင်​အမျိုးသမီးများနှင့်​​ တွေ့ဆုံပြီး၊ ဂျပန်​ဦး​ဏှောက်​​ရောင်​​ရောဂါအ​ကြောင်း​ ဆွေး​နွေး​ပြောကြားခဲ့ပါသည်။

၎င်း​ရောဂါကာနှင့်ပတ်သက်၍ ကွယ်​​ဆေးထိုးရန်​အတွက် (၉) လမှ (၁၅)နှစ်​က​လေးများ၏ စာရင်း​ကောက်​ယူခြင်းကို​ ဆောင်​ရွက်​ခဲ့ကြောင်း သိရှိရပါသည်။

မိုးမိတ်ပြည်ခိုင်ဖြိုးပါတီမှ ကော်မတီဝင်အသစ်ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်

 

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဌဦးစိုးမြင့်၊ ခရိုင်ဘဏ္ဍာရေးမှူးများ မြို့ နယ်အတွင်းရေးမှူးနှင့်ကော်မတီဝင်များသည် လက်ခုတ်ပင်အုပ်စု ၊ရေပူအင်းရွာတွင် ကော်မတီဝင်အသစ်ဖွဲ့စည်း     နိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ပါသည်။

credit >>> ဦးစိုးမြ


ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးစစ်ကိုင်းတိုင်းဒေသကြီး ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ)တို့သည် ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့ရှိ တိုင်းပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော တိုင်းဒေသကြီးအတွင်းရှိ ပါတီအဆင့်ဆင့်၏ ငါးလပတ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်၍ လုပ်ငန်းလမ်းညွှန် အမှာစကားပြောကြားသည်။

စေတုတ္တရာမြို့နယ် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

 

စေတုတ္တရာမြို့နယ် ဖအိုင်းကျေးရွာတွင် ကျင်းပပြုလုပ်သော ၅ ဒိုင်နယ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနား သို့ မင်းဘူးခရိုင်ပါတီကော်မတီဝင်များ ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ ဝင်များနှင့်အတူ ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ တက်ရောက်လှူဒါန်း အားပေးချီးမြှင့်ခဲ့ကြပါသည်။

မဘိမ်းပြည်ခိုင်ဖြိုးပါတီမှ စေတနာရှင်လူငယ်အဖွဲ့အား ၀တ်စုံပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ စေတနာရှင်လူငယ်အဖွဲ့ဝတ်စုံပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ( ၉)ရက်နေ့က မြိ့နယ်ပါတီရုံးတွင်ကျင်းပပြုလုပ်ရာ  မိုးမိတ်ခရိုင် ပါတီအတွင်းရေးမှူးဦးမြင့်လှိုင် ၊ မြို့နယ်ပါတီဥက္ကဌဦးဇော်လွင် ၊မြို့နယ်ပါတီကော်မတီဝင်များ စေတနာရှင်လူငယ်(၂၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

USDP Shan – North