မိုးညှင်း (နိုဝင်ဘာ – ၁၅)
မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ပါတီရုံးတွင် ၁၅.၁၁.၂၀၁၇ ရက်နေ့ ၁း၀၀ နာရီအချိန်၌ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ပါသည်။
မိုးညှင်း (နိုဝင်ဘာ – ၁၅)
မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ပါတီရုံးတွင် ၁၅.၁၁.၂၀၁၇ ရက်နေ့ ၁း၀၀ နာရီအချိန်၌ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ပါသည်။
ဖါးဆောင်းမြို့ နိုဝင်ဘာလ (၁၄) ရက်
၁၄-၁၁-၂၀၁၇ ရက်နေ့ နံနက် (၉း၃၀) နာရီအချိန်တွင် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ကယားပြည်နယ် တာဝန်ခံ) ဖါးဆောင်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်သည် ကယားပြည်နယ်၊ ဖါးဆောင်းမြို့သို့ သွားရောက်ခဲ့ပါ သည်။
ချောက် နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး ချောက် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယအကြိမ်မြောက် စုပေါင်းဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်၍ ချောက်မြို့နယ် ရသစ်ကျေးရွာ ဓမ္မပါလကျောင်းတိုက်၌ ကျင်းပရာ အလှူ တော်မင်္ဂလာအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေး၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ မကွေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစောဝင်းမောင်၊ မကွေးခရိုင် ပါတီဥက္ကဋ္ဌဦးထွန်းရှိန်၊ဆိပ်ဖြူ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဆောင် နှင့် အတွင်းရေးမှူး ဦးလေးမောင်၊ ချောက်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်/ ကျေးအုပ်စု စည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
လွိုင်ကော်မြို့၊ နိုဝင်ဘာလ(၁၅)ရက်
၁၅-၁၁-၂၀၁၇ ရက်နေ့ နေ့လည် (၁း၀၀) နာရီမှ ညနေ (၃း၀၀) နာရီအချိန်အထိ ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အပေါ်ထပ် သီးသန့်အစည်းအဝေး ခန်းမတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင် (ကယားပြည်နယ်-နယ်မြေတာဝန် ခံ) ဖါးဆောင်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် သည် ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် လွိုင်ကော်ခရိုင်၊ လွိုင်ကော် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် တွေ့ဆုံကာ အစည်းအဝေးကျင်းပ ပြုလုပ်ပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ လူငယ်ရေးရာအလုပ်ရုံဆွေးနွေးပွဲကို (၁၅-၁၁-၂၀၁၇) ရက်နေ့ နံနက် (၉း၃၀) နာရီအချိန် ပြည်နယ် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲကို ပြည်နယ် လူငယ်ရေးရာအဖွဲ့၊ ရှမ်း/မြောက်ဒေသအတွင်းရှိ (၆) ခရိုင်၊ (၁၉) မြို့နယ်တို့မှ လူငယ်ကိုယ်စားလှယ် (၈၀) ခန့် တက်ရောက်ကြပါသည်။
ရန်ကုန် နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲက တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမတွင် ကျင်းပရာ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီများသည် မိမိတို့တာဝန် ယူထားသော တိုက်နယ်အလိုက် အသီင်္းသီး နယ်မြေကွင်းဆင်း ဆောင်ရွက်လျှက်ရှိရာ ဒိုက်ပျက်တိုက်နယ်၊ တွဲဖက် တာဝန်ခံ ဦးသန်းဝင်းသည် သင်တောကရက်ကျေးရွာအုပ်စုသို့ ကွင်းဆင်းကာ ပါတီဝင်အင်အားကျစ်လစ်ခိုင်မာ ရေး၊ ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်နိုင်ရေးနှင့် ကျေးရွာလုံးကျွတ်ပါတီဝင် (၀ါ-စိမ်း-နီ) အဆင့် သတ်မှတ် ဆောင်ရွက်နိုင်ရေးကိစ္စများကို စည်းရုံးရေးမှူး၊ အမှုဆောင်များနှင့် ထိတွေ့ဆောင်ရွက်ခဲ့ပါသည်။
(၁၃-၁၁-၂၀၁၇) ရက်နေ နံနက်(၈)နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင်ဥက္ကဋ္ဌ ဥိးဘိုစံ၊ ခရိုင်အတွင်းရေးမှူး ဦးချမ်းမြ၊ မြို့နယ်ကော်မတီဝင် ဥိးအောင်ဝင်း၊ ဦးစိုးကျော်အောင်၊ ဦးကျော်ငြိမ်းအောင်၊ ဦးခင်မောင်ထွန်းနှင့် ပါတီရုံးဝန်ထမ်းများ စုပေါင်း၍ တာချီလိတ် ခရိုင်/ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ (ဖလား) အပျော်တမ်းပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်မည့် ကွင်းသန့်ရှင်းရေးနှင့် ကွင်းဘေးသစ်ကိုင်းခုတ် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ပါသည်။
13.11.2017 ရက်နေ့ ကန်ကြီးထောင့်မြို့ အထကကန်ကြီးထောင့်တွင် ကျင်းပသော (၉၇) နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူနှင့်အတူ ကန်ကြီးထောင့်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဌ ဦးသက်နိုင်ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပါသည်။
မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲကို ၁၄.၇.၂၀၁၇ ရက်နေ့ နံနက် ၉း၀၀နာရီအချိန် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ ရွှေဘိုခရိုင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ ရွှေဘို မြို့နယ် ၊ ဝက်လက်မြို့နယ် ၊ ရေဦးမြို့နယ် ၊ ခင်ဦးမြို့နယ်၊ တန့် ဆည်မြို့နယ် ၊ ဒီပဲယင်းမြို့နယ်တို့မှ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးများနှင့်အတူ မြို့နယ်ပါတီကော်မတီဝင်များ အင်အား (၈၀) ဦး တက်ရောက်ကြပြီး လုပ်ငန်းညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပါသည်။