ယနေ့ 7-12-2017 ရက်နေ့ နေ့လည်တွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာတွေ့ဆုံပွဲအား ကယားပြည်နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
တာချီလိတ်ခရိုင် ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း၊ ဦးခင်မောင်ထွန်း၊ ဦးခင်မောင်လွင်၊ ဦးအားလောင်း၊ ဦးစိုးကျော်အောင်နှင့် မြို့နယ် (အရန်) ကော်မတီဝင်များ ပါတီလူငယ်များနှင့် (၆-၁၂-၂၀၁၇) ရက်နေ့တွင် ကျိုင်းလပ်မြို့၊ တာလေမြို့နယ်များသို့ ကား (၂) စီးဖြင့် ကွင်းဆင်းသွားရောက်ခဲ့ပါသည်။
ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တိုင်းဒေသကြီး ခရိုင်မြို့နယ်ပါတီဥက္ကဋ္ဌများ ကော်မတီဝင်များနှင့်တွေ့ဆုံ
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီး ခရိုင်မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟို အလုပ်အမှုဆောင် ဦးခင်မောင်စိုး၊ အတွင်းရေးမှူးဗဟိုကော်မတီဝင် ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ တက်ရောက်ကြသည်။
တိုက်ကြီးပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/ ၂ဝ၁၇) သင်တန်းဆင်းပွဲအခမ်းအနားကို တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် ကျင်းပခဲ့ကြောင်းသိရသည်။ အခမ်းအနားအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟို ကော်မတီဝင် မြောက်ပိုင်းခရိုင်တာဝန်ခံ ဦးတင်မောင်ဝင်းနှင့် မြောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်ယုတို့က သင်တန်းဆင်းအမှာစကားများ ပြောကြားသည်။
ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဌ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံ
ဒီဇင်ဘာ – ၁
မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ၂၀၁၇ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့ နံနက် (၁၁း၀၀) နာရီချိန်တွင် ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းမှ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံခဲ့သည်။
သူရဲကောင်းစစ်သည်များအား အလေးပြုခြင်းနှင့် လွမ်းသူ့ပန်းခွေချခြင်းအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်
စတုတ္ထအကြိမ် သူရဲကောင်းစစ်သည်များအား အလေးပြုခြင်းနှင့် လွမ်းသူ့ပန်းခွေချခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားမြောက်ဘက်မုခ်အနီးရှိ သူရဲကောင်းဗိမာန်၌ ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင်များဖြစ်သော ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းတို့ တက်ရောက်၍ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြပါသည်။
ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး ရွှေဘိုခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ဘုတ်ကုန်းကျေးရွာအုပ်စု ပါတီဝင်များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ ဦးသန်းလှ၏နေအိမ်တွင် ယနေ့ညနေ ၄ နာရီခွဲက ကျင်းပသော ရွှေဘိုမြို့ နယ် ပါတီကော်မတီဝင်များ ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာအုပ်စု ပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ ဆိုရှယ်လစ်အတွေးအခေါ်ဆိုင်ရာ ရှင်းလင်းပွဲတက်ရောက်
ပေကျင်း ဒီဇင်ဘာ ၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စား လှယ် အဖွဲ့သည် ဒေသစံတော်ချိန် ယနေ့နံနက် ၉ နာရီက ကျောက်ယူတိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပသော ရှီကျင့်ဖျင် ခေတ်သစ်တရုတ်နိုင်ငံ ဝိသေသလက္ခဏာပါရှိသော ဆိုရှယ်လစ်အတွေးအခေါ်ဆိုင်ရာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ ထိပ်သီးဆွေးနွေးပွဲအခမ်းအနားတက်ရောက်
ပီကင်း ဒီဇင်ဘာ ၁
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းဒေသကြီးတာဝန် ဦးမြင့်စိုး ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓ ဘိသေကအနေကဇာတင်ပူဇော်ပွဲအခမ်းအနား တတ်ရောက်
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးနှင့်ဇနီး ဒေါ်ခင်မြဦးတို့သည် ၃-၁၂-၂၀၁၇ ရက်နေ့ မနက် (၉) နာရီအချိန်တွင် ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာ မြို့လှတောရ ဘုန်းကြီး ကျောင်း အတွင်းရှိ အလိုတော်ပြည့်အောင်တော်မူ ဘောဂစေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာတင် ပူဇော်ပွဲအခမ်းအနားသို့ တတ်ရောက်၍ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား ပင့်ဆောင်တင်လှူခဲ့ပါသည်။ ထို့နောက်တွင် ပင့်သံဃာ ၅၄ ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော်ခဲ့ရာ ဗဟိုအလုပ်အမှုဆောင်နှင့်ဇနီးတို့မှ လှူဖွယ်ပစ္စည်းများနှင့်ဝတ္တုငွေများ လောင်းလှူခဲ့ပါသည်။