၄၃ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သွေးလှူဒါန်း
၁၅.၁၂.၂၀၁၇ နေ့တွင် ၄၃ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်စစ်တွေမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှလူငယ်ရေးရာအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ဂုဏ်ပြုသော ဇီဝိတဒါနသွေးလှူဒါန်းခြင်း အစီအစဉ်တစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် စစ်တွေမြို့ ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ဗဟိုကော်မတီဝင် ပြည်နယ်ဘဏ္ဍာရေးမှူး စစ်တွေမြို့နယ်တာဝန်ခံဦးသန်းထွန်း၊ ပြည်နယ်ကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဦးစန်းငွေ၊ မြို့နယ်ဥက္ကဌဒေါ်အေးမာခင်၊ မြို့နယ်အတွင်းရေးမှူး ဦးဘိုသံဒိုင်၊ မြို့နယ်ဘဏ္ဍာရေးမှူး ဦးအေးချမ်း၊ မြို့နယ်မီဒီယာတာဝန်ခံ ဦးကျော်သာ၊ လူငယ်ရေးရာခေါင်းဆောင် ဦးအောင်စစ်မင်း၊ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သန်းသန်းရီ။ မြို့နယ်ကော်မတီဝင်များ၊လူငယ်ရေးရာအဖွဲ့ဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြပြီး ၄၃နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကိုဂုဏ်ပြုလျှက် ဇီဝိတဒါန သွေးလှူဒါန်းခြင်း အလှူကိုပြုလုပ်ခဲ့ပါသည်။ အဆိုပါ သွေးလှူဒါန်းခြင်းအတွက် ၄၆ ဦးမှကြိုတင်သွေးစစ်ခဲ့ရာတွင် ၃၅ ဦးမှ အောင်မြင်စွာသွေးလှူဒါန်းနှိုင်ခဲ့ပါသည်။
မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဗုဒ္ဓဘာသာယဉ်ကျေးမှု ဓမ္မစကူးလ်သင်တန်းဆင်းပွဲ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူး ဦးကိုကိုကြီး၊ ပါတီအမျိုးသမီးရေးရာခေါင်းဆောင် ဒေါ်နီလာမြင့်၊ စည်းရုံးရေးနယ်မြေတာဝန်ခံ ကော်မတီအဖွဲ့ဝင်များ လိုက်ပါ လျက် ယခုလ ၁၇ ရက် နံနက်ပိုင်းက ပသောင်းကျေးရွာအုပ်စု တောင်ပုလဲရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက် သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော် အရှင်ဂန္ဓသာရက ဦးစီးကျင်းပလျက်ရှိသည့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြကာ ထူးချွန်ဆုရသင်တန်းသား သင်တန်းသူ မင်္ဂလာမောင်မယ်များနှင့် ဆရာဆရာမများ တစ်ဦးချင်းစီအတွက် ဂုဏ်ပြုဆုငွေ ကျပ်တစ်သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ပုဗ္ဗသီရိမြို့နယ်တွင် ပါတီဝင်ပြည်သူများနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင် သည် ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ ပုဗ္ဗသီရိမြို့နယ် ပါတီ ကော်မတီဝင်များနှင့်အတူ ပုဗ္ဗသီရိမြို့နယ်အတွင်း နယ်မြေကွင်းဆင်း၍ ပါတီဝင်များ၊ ပြည်သူများနှင့် တွေ့ဆုံခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲကျင်းပ
တောင်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမ ဦးစီးဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် ၁ / ၂ဝ၁၇ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က အမှာစကားပြောကြားပြီး ပါတီအတွင်းရေးမှူးဦးစန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ဒဂုံ(အရှေ့)ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဆင်း
ဒဂုံမြို့သစ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးနယ်မြေအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အဖွဲ့ခေါင်းဆောင်များ၊ အမာခံပါတီဝင်များအတွက်ဖွင့်လှစ်သည့် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) သင်တန်းဆင်းပွဲကို ယခုလ ၁၇ ရက် ညနေ ၄ နာရီခွဲက ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး သင်တန်းခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ဘောလခဲခရိုင်နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (တတိယ)ရက် သင်ခန်းစာပို့ချနေမှု
ဘောလခဲ – ဒီဇင်ဘာ( ၂၀)ရက်
ယနေ့ ဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းမှာ (တတိယ) ရက် နံနက် (၇း၃၀) နာရီအချိန် တွင် သင်တန်းသူ/သားများမှ နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းသီဆိုပါသည်။ နံနက် (၈း၀၀) နာရီအချိန်မှ စတင်ပြီး သင်ခန်းစာပို့ချမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ဝေါမြို့နယ် တနော်ကျွန်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် တနော်ကျွန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီ၂ဝ၁၇ -၂ဝ၁၈ ခုနှစ် ဆိုင်းဘုတ်သစ်တင် အခမ်းအနားကို တနော်ကျွန်းကျေးရွာ ပါတီစည်းရုံးရေးမှူးအသစ် ဦးမင်းညွန့်ဦး၏ နေအိမ်ရှေ့တွင် ယမန်နေ့ နံနက် ၁ဝ နာရီအချိန်က ကျင်းပခဲ့သည်။
ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဝါရင့်ပါတီခေါင်းဆောင်များအား ဂုဏ်ပြုပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ #ဝါရင့်ပါတီခေါင်းဆောင်များဂုဏ်ပြုပွဲကို (၁၇.၁၂.၂၀၁၇) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ပုသိမ်ကြီးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ပုသိမ်ကြီးမြို့နယ်ရှိ တိုင်း/ခရိုင်/မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အသက် (၆၀) အထက် ဝါရင့်ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဆင်းပွဲ၌ ပါတီဝင်သစ် အဆိုပြုလွှာများပေးအပ်
မင်္ဂလာဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ကြီးမှူးကျင်းပသည့် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/၂ဝ၁၇) သင်တန်းဆင်းပွဲအား ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်ပါတီရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ တိုင်းပါတီကော်မတီဝင် ဦးခင်မောင်တင့်၊ ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီအတွင်းရေးမှူး ဦးမျိုးဇော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးမင်းနှင့် မြို့နယ်ကော်မတီဝင်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများက နိုင်ငံတော်သီချင်းအား သံပြိုင်သီဆို၍ သင်တန်းဆင်းပွဲ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။