ကော့သောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အခြေခံအင်္ဂလိပ်စကားပြော၊ ပန်းချီ၊ မြန်မာစာ စာစီစာကုံးရေးနည်း နွေရာသီသင်တန်းများ ဖွင့်လှစ်
၇-၃-၂၀၁၈ ရက်နေ့တွင် နံနက်(၉း၀၀)နာရီ မှ (၁၀း၀၀)နာရီအထိ ကော့သောင်းခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ Golden Key Language Centre နှင့် NFPE မှ အငြိမ်းစား ဆရာ/ဆရာမများ ပူးပေါင်း၍ လူငယ်ရေးရာလှုပ်ရှားမှုအနေဖြင့် နွေရာသီသင်တန်းများဖြစ်သော မူလတန်းအဆင့် အင်္ဂလိပ်စကားပြောသင်တန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စကားပြောသင်တန်း၊ အခြေခံပန်းချီသင်တန်း၊ အခြေခံမြန်မာစာ စာစီစာကုံးရေးသားနည်းသင်တန်းတို့ကို အသီးသီးဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ ခရိုင်/မြို့နယ် ပါတီမကော်မတီဝင်များ၊ အရံပါတီကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးများ၊ ပါတီဝင်လူငယ်များ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းနည်းပြများအဖြစ် ဦးထွန်းမြင့်(ခရိုင်ပါတီကော်မတီဝင်)၊ ဦးလှမိုးထွန်း(အရံခရိုင်ပါတီကော်မတီဝင်)၊ ဦးယုနိုင်(မြို့နယ်ပါတီဥက္ကဋ္ဌ)၊ ဦးဝင်းနိုင်(မြို့နယ်ပါတီကော်မတီဝင်)၊ ဒေါ်ခင်သီတာ(အငြိမ်းစားဆရာမ)၊ ဒေါ်တင်နွယ်(အငြိမ်းစားဆရာမ)၊ ဒေါ်ထိုက်ထိုက်မူအောင်(အငြိမ်းစားဆရာမ)၊ ဦးသီဟ(Golden Key) တို့ဖြစ်ပြီး သင်တန်းကာလမှာ (၇.၃.၂၀၁၈) ရက်နေ့မှ (၉.၄.၂၀၁၈)ရက်နေ့အထိ ဖြစ်ပါသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီတွင် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်
ကွမ်းလုံ၊ မတ် လ ၆ ရက်
ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် ကျောင်းရေပူကျေးရွာ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲတက်ရောက်
လှိုင်းဘွဲ မတ် ၅
မီးဘေးသင့်ပြည်သူများအား ရေစကြို ပြည်ခိုင်ဖြိုးမှ သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များလှူဒါန်း
ရေစကြို မတ် ၆
ရေစကြိုမြို့နယ် သစ်ကြီးတော ကျေးရွာတွင် ယခုလ ၃ ရက်က မီးလောင်မှုကြောင့် အိမ်ခြေ ၁၆၇ လုံး မီးလောင်ဆုံးရှုံးပြီး ပြည်သူ ၉ဝဝ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
ပြည်ခိုင်ဖြိုးပါတီမှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်မည်
မြစ်ကြီးနား မတ် ၆
ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင် ဝိုင်းမော်မြို့တွင် ပြည်ခိုင်ဖြိုး ပါတီမှ ‘လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင် ဆောင်ရွက်ပေးမည်’ဟူသော ရည် ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးသည့် နွေ ရာသီ လူငယ်သင်တန်းဖွင့်ပွဲကို ယမန်နေ့က မြို့နယ်ပါတီဟောခန်း မ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ မြစ်ကြီးနားခရိုင်ဥက္ကဋ္ဌဦးထွန်းဖေ၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးကျော်ကျော် အောင်နှင့်မြို့နယ်ကော်မတီဝင်များ၊ သင်တန်းသား သင်တန်းသူများ စုစုပေါင်း ၆ဝ ခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
ပအိုဝ့်အမျိုးသားနေ့အထိမ်းအမှတ်ဘောလုံးပြိုင်ပွဲ ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှတက်ရောက်ဆုချီးမြှင့်
ဘားအံ မတ် ၆
ဘားအံမြို့နယ် သာမညကျေး ရွာ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသောအကြိမ် (၂ဝ) မြောက် ပအိုဝ့်အမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ကရင် ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်ပါတီ အတွင်းရေးမှူးဦးစန်းကို၊ ပြည်နယ် ပါတီကော်မတီဝင် ဦးမင်းငွေထွန်း၊ ဘားအံခရိုင်ပါတီဥက္ကဋ္ဌဦးခွန်အောင် ကျော်မိုးနှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ ဘားအံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးစောစိန်ဝင်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ ကြသည်။
လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ နွားလဝိုးကျေးရွာအုပ်စုပါတီဝင်များနှင့် တွေ့ဆုံပွဲကျင်းပ
လွိုင်ကော် မတ် ၆
လွိုင်ကော်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ယနေ့နံနက် ၁ဝ နာရီတွင် နွားလဝိုးကျေးရွာအုပ်စု လယ်ထွဲရွာဘုန်းတော်ကြီးကျောင်း ၌ ပါတီဝင်များနှင့် သွားရောက် တွေ့ဆုံခဲ့သည်။
မယ်စဲ့မြို့နယ် ဟိုစဲ့ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်များနှင့် တွေ့ဆုံခြင်း
မယ်စဲ့မြို့ ၊မတ်လ ၆ ရက်
(၆-၃-၂၀၁၈) ရက်နေ့ နံနက် ၁၀း၁၅ နာရီအချိန်တွင် ဟိုစဲ့ကျေးရွာ ရပ်/ကျေးကော်မတီဝင် နေအိမ်တွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဟိုစဲ့ကျေးရွာ ပါတီဝင်များနှင့်သွားရောက်တွေ့ဆုံပါသည်။
၎င်းတွေ့ဆုံရာတွင် ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့်(မယ်စဲ့မြို့နယ်တာဝန်ခံ)က မိမိဒေသမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ပါတီကိစ္စများ၊ နိုင်ငံရေးအခြေအနေများ၊ ပါတီဝင်လူငယ်များနှင့် အပြန်အလှန်ဆွေးနွေးကြပါသည်။
ယင်းနောက် မယ်စဲ့မြို့နယ် မြို့နယ်ကောက်မတီဝင် ဒေါ်အေးထွန်းမှ ဟိုစဲ့လူငယ်များအတွက် အလှူငွေကျပ် (၆၅၀၀၀ိ/-) ပေးအပ်လှူဒါန်းခဲ့ပါသည်။
ယင်းသို့သွားရောက်ရာတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့် (မယ်စဲ့မြို့နယ်တာဝန်ခံ)နှင့် ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များ ရုံးအဖွဲ့များ လိုက်ပါသွားကြောင်း သိရှိရသည်။
ပြင်ဦးလွင်ပြည်ခိုင်ဖြိုး ရပ်/ကျေးဥက္ကဌများ တာဝန်ခန့်အပ်ပွဲအခမ်းအနားကျင်းပ
(၆.၃.၂၀၁၈)ရက်နေ့ နံနက်(၀၉း၃၀)အချိန်တွင် ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ရပ်/ကျေးအုပ်စု ပါတီကော်မတီဥက္ကဌ တာဝန်ခန့်အပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးစိုင်းအောင်ကြည်၊ ဦးကျော်စန်း၊ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌ ဦးဝင်းကြည့်နှင့်ခရိုင်ကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ် ပါတီဥက္ကဌ ဦးလင်းဇော်မင်းနှင့်ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်စုပါတီဥက္ကဌများ၊ ပါတီဝင်များ အင်အား(၁၈၀)ခန့်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို နိုင်ငံတော်သီချင်းသံပြိုင်သီဆိုကာဖွင့်လှစ်ခဲ့ပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားကာ ပြင်ဦးလွင်မြို့နယ်ပါတီဥက္ကဌ ဦးလင်းဇော်မင်းမှဥက္ကဌများအဖြစ်ခန့်အပ်ရခြင်းအကြောင်းအားရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးစိုင်းအောင်ကြည်မှ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်/ကျေး(၅၈)အုပ်စုမှ ဥက္ကဌတာဝန်ခန့်အပ်လွှာများအားပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
#ပြည်ခိုင်ဖြိုး
#မန္တလေးတိုင်းဒေသကြီး
